CDM ဆရာဝန် ဒေါက်တာ မြင့်မြင့်စိန်နဲ့ ဆက်သွယ်မေးမြန်းချက်
ကျန်းမာရေးဝန်ထမ်း အမြောက်အမြား အာဏာဖီဆန်ရေး (CDM) မှာ ပါဝင်တဲ့အတွက် ပြည်သူတွေ ထိခိုက်နစ်နာမှာကို သိပေမယ့် အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ တိုက်ပွဲဝင်ရတာဖြစ်လို့ ပြည်သူတွေကို တောင်းပန်တယ်လို့ ပြည်မြို့ ဆေးရုံကြီးက မေ့ဆေး ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်က ပြောလိုက်ပါတယ်။
- 2021-07-04
-
-
-
CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပြည်မြို့ ဆေးရုံကြီးက မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ကို တွေ့ရစဉ်
Photo: CJ
ကျန်းမာရေးဝန်ထမ်း အမြောက်အမြား အာဏာဖီဆန်ရေး (CDM) မှာ ပါဝင်တဲ့အတွက် ပြည်သူတွေ ထိခိုက် နစ်နာမယ်ဆိုတာ သိပေမယ့်လည်း အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ တိုက်ပွဲဝင်ရတာဖြစ်လို့ ပြည်သူတွေကို တောင်းပန်တယ်လို့ CDM လှုပ်ရှားမှုမှာ အစောပိုင်းတည်းက ပါဝင်လှုပ်ရှားခဲ့တဲ့ ပြည်မြို့ ဆေးရုံကြီးက ဒေါက်တာမြင့်မြင့်စိန်က ပြောလိုက်ပါတယ်။
ဒေါက်တာ မြင့်မြင့်စိန်ဟာ ကိုဗစ်ရောဂါဒဏ် ခံခဲ့ရသူဖြစ်ပြီး စစ်အာဏာသိမ်းတာကို မကျေနပ်လို့ CDM လုပ်ခဲ့တဲ့ ဝါရင့် မေ့ဆေးဆရာဝန်ကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ မကြာခင်ကပဲ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတဲ့ ဒေါက်တာ မြင့်မြင့်စိန်ကို RFA ဝိုင်းတော်သူ မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။