ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်းကို သဘာဝအမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းနိုင်ရေး

ကချင်ပြည်နယ် ပူတာအိုခရိုင်က ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်း စတုရန်းမိုင် ၁၃၀၀ ကျော် ဧကအားဖြင့် ၉၀၀၀၀၀ နီးပါး ရှိတဲ့ တိုးချဲ့နယ်မြေကို UNSECO အဖွဲ့ရဲ့ သဘာဝအမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းနိုင်ရေးအတွက် အစိုးရက ဆောင်ရွက်နေပါတယ်။

ကချင်ပြည်နယ် ပူတာအိုခရိုင်က ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်း စတုရန်းမိုင် ၁၃၀၀ ကျော် ဧကအားဖြင့် ၉၀၀၀၀၀ နီးပါး ရှိတဲ့ တိုးချဲ့နယ်မြေကို UNSECO အဖွဲ့ရဲ့ သဘာဝအမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းနိုင်ရေးအတွက် အစိုးရက ဆောင်ရွက်နေပါတယ်။ အဲဒီလို ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီနဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ဒီကနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ နောင်မွန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်ကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက ဒီကနေ့တွေ့ဆုံမေးမြန်းထားပါတယ်။

RFA logo
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org