တက္ကသိုလ်တွေက ဝန်ထမ်းတသောင်းကျော် တာဝန်ကနေ ယာယီရပ်ဆိုင်း
တက္ကသိုလ်တွေက နောက်ဆုံးနှစ်အတန်းနဲ့ ဘွဲလွန်အတန်းတွေကို မေလ ၃ ရက်နေ့က ဖွင့်မယ်လို့ကြေညာအပြီး ကျောင်းတက်သူ ၁၀ ရာခိုင်နှုန်းလောက်ပဲ လာတက်ပါတယ်။ ကျောင်းတက်သူ ကျောင်းသားမရှိသလို ဆရာတွေလည်း CDM ဝင်နေတာကြောင့် မရှိဖြစ်နေတာပါ။
-
တင်အောင်ခိုင်(ဝါရှင်တန်ဒီစီ)
2021-05-08 -
-
-
CDM ဝင်နေသော မြစ်ကြီးနားတက္ကသိုလ်က ဆရာ၊ ဆရာမများနဲ့ ဝန်ထမ်းများ
Photo: RFA
တက္ကသိုလ်တွေက နောက်ဆုံးနှစ်အတန်းနဲ့ ဘွဲလွန်အတန်းတွေကို မေလ ၃ ရက်နေ့က ဖွင့်မယ်လို့ကြေညာအပြီး ကျောင်းတက်သူ ၁၀ ရာခိုင်နှုန်းလောက်ပဲ လာတက်ပါတယ်။ ကျောင်းတက်သူ ကျောင်းသားမရှိသလို ဆရာတွေလည်း CDM ဝင်နေတာကြောင့် မရှိဖြစ်နေတာပါ။ ဒါကြောင့် မေလ ၅ရက်နေ့ကစပြီး ကျောင်းမလာတဲ့ ဆရာတွေ ဝန်ထမ်းတွေကို တာဝန်ကနေ ယာယီရပ်ဆိုင်းတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲ့သလိုရပ်ဆိုင်းတာမှာ မေလ ၈ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်က တက္ကသိုလ် ၄၈ခုရှိတဲ့ အနက် ၃၆ကျောင်း နဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တွေက ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းစုစုပေါင်း ၁၁၀၀၀လောက် ရဲ့ အမည်စာရင်း ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း တွေနဲ့သက်ပြီး CDMမှာ ပါဝင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တွဲဘက် ပါမောက္ခတဦးကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။