မြေနီကုန်းမှာ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သတင်းသမားတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်
ဆန္ဒပြပြည်သူတွေအပြင် သတင်းမီဒီယာသမားတွေကိုပါ ဖမ်းဖို့ပြောပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
- 2021-02-26
-
-
-
မြေနီကုန်း အကြမ်းဖက်မှုမှာ သတင်းသမားတစ်ဦး ဖမ်းဆီးနေစဉ်
Photo: RFA
ဆန္ဒပြပြည်သူတွေအပြင် သတင်းမီဒီယာသမားတွေကိုပါ ဖမ်းဖို့ပြောပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ သတင်းသမားတစ်ဦးကို ရဲလေးငါးယောက်က ဝိုင်းဝန်း ရိုက်နှက်ဖမ်းဆီးခဲ့လို့ ကင်မရာ ပျက်စီးခဲ့ပါတယ်။ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရတဲ့ သတင်းသမား နှစ်ဦးကို ခဏအကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆန္ဒပြသူတွေလည်း ဖမ်းဆီးခံထားရပြီး အရေအတွက် အတိအကျမသိရသေးပါဘူး။