ကရင်နိုင်ငံရေးပါတီ ၅ ခု ပေါင်းစည်းရေး

ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ ၊ ကရင်ဒီမိုကရက်တစ်ပါတီ စတဲ့ ကရင်ပါတီ ၅ ပါတီကို ပေါင်းစည်းပြီး ပါတီတစ်ခုတည်းဖြစ်ဖို့အတွက် ပါတီခေါင်းဆောင်တွေ ကြိုးပမ်းနေကြပါတယ်။

ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ ၊ ကရင်ဒီမိုကရက်တစ်ပါတီ စတဲ့ ကရင်ပါတီ ၅ ပါတီကို ပေါင်းစည်းပြီး ပါတီတစ်ခုတည်းဖြစ်ဖို့အတွက် ပါတီခေါင်းဆောင်တွေ ကြိုးပမ်းနေကြပါတယ်။

လာမယ့် ၁ နှစ်ခွဲအတွင်း အပြီးသတ် ပေါင်းစည်းနိုင်အောင် ကြိုးစားနေကြပေမယ့် အားလုံးလက်ခံနိုင်မယ့် ပါတီဖွဲ့စည်းပုံကိစ္စနဲ့ ဖက်ဒရယ်မူအပေါ် သဘောထားကွဲလွဲတာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲ့ဒီ ၅ ပါတီဟာ ပြည်နယ်လွှတ်တော် တစ်နေရာသာ အနိုင်ရခဲ့ပါတယ်။ လက်ရှိ ၅ ပါတီပေါင်းစည်းရေး အခြေအနေနဲ့ အခက်အခဲ ဘာတွေရှိလဲဆိုတာနဲ့ ပတ်သက်ပြီး ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီရဲ့  ဒုတိယဥက္ကဌ ဦးမန်းအောင်ပြည်စိုးကို RFA အဖွဲ့သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org