ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကန့်ကွက်လွှာတွေကို ဇွန် ၁၂ စတင် စစ်ဆေးမည်

၂၀၁၇ ကြားဖြတ်ရွေးကောက် ရလဒ်တွေနဲ့ ပတ် သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းထားတဲ့ အမှု ၆ မှုလုံးကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ခုံရုံးက စတင်စစ်ဆေး သွားမှာ ဖြစ်ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက် ရလဒ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက် လွှာတင်သွင်းထားတဲ့ အမှု ၆ မှုလုံးကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ခုံရုံးက စတင်စစ်ဆေးသွားမှာ ဖြစ် ပါတယ်။

NLDပါတီက ကိုယ်စားလှယ်တွေ ကန့်ကွက်ခံရတဲ့အမှုတွေထဲမှာ အနိုင်ရခဲ့တဲ့ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင် ချက်အပေါ် ကန့်ကွက်တာမျိုးမဟုတ်ဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD နာယက သူရဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့ ရဲ ့ ပြောကြားချက်တွေအပေါ် ကန့်ကွက်လာတာ ဖြစ်တယ်လို့ ကန့်ကွက်လွှာတင်သွင်းခံထားရတဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း ကပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းကို RFA သတင်းထောက် မဝေမာထွန်း ကဆက်သွယ် မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org