သတ်ပြီးမြေမြှုပ်ထားတဲ့ ဟိန္ဒူအလောင်း နှစ်ရက်အတွင်း ၄၅ လောင်းတွေ့
မောင်တောမြို့နယ် ခမောင်းဆိပ်ရွာမှာ အကြမ်းဖက်သမားတွေ သတ်ပြီးမြေမြှုပ်ထားတဲ့ ဟိန္ဒူအလောင်းတွေ့တာ နှစ်ရက်အတွင်း ၄၅ လောင်းရှိပြီဖြစ်ပါတယ်။
-
2017-09-25 -
-
-
Your browser doesn’t support HTML5 audio
မောင်တောမြို့နယ် ခမောင်းဆိပ်ရွာမှာ အကြမ်းဖက်သမားတွေ သတ်ပြီးမြေမြှုပ်ထားတဲ့ ဟိန္ဒူအလောင်းတွေ့တာ နှစ်ရက်အတွင်း ၄၅ လောင်းရှိပြီဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ဖမ်းဆီးခေါ်ဆောင်ခံရတဲ့သူတွေ အပါအဝင် ထွက်ပြေးရတဲ့ ဟိန္ဒူက ၅ဝဝ လောက်ရှိတယ်လို့ ရန်ကုန်မြို့ ဟိန္ဒိူအသိုင်းအဝိုင်းကတဆင့် သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်နဲ့ တခြားဟိန္ဒူဘာသာရေးအဖွဲ့က လတ်တလော ဖွဲ့စည်းထားတဲ့ ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့တာဝန်ခံ ကိုရာဂူနေမြင့် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။