ICJ ကိုတင်ရမယ့် မြန်မာအစိုးရရဲ့ အစီရင်ခံစာ ရေရေရာရာမတွေ့ရသေး

အခုမေလ ၂၃ ရက်နေ့မှာ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးကချမှတ်ထားတဲ့အတိုင်း မြန်မာအစိုးရက ပထမဆုံးအကြိမ်အစီရင်ခံစာတင်ရမှာဖြစ်ပါတယ်။

အဲဒီချမှတ်ချက်မှာ ဖော်ပြထားတဲ့အချက် (၄) ချက်နဲ့အညီ မြန်မာအစိုးရဘက်က ဘယ်လိုပြင်ဆင်နေလဲဆိုတာ မတွေ့ရဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။

ဒါနဲ့ ပတ်သက်လို့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။