အမှိုက်ပုံမီးလောင်မှု မီးခိုးငွေ့အန္တရာယ်အပေါ် အထူးကုဆရာဝန်ကြီးရဲ့ သတိပေးပြောကြားချက်
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်တဲ့အတွက် ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေသူတွေရဲ့သွေးထဲမှာ ကာဗွန်မိုနောက်ဆိုဒ်ဓါတ် ပါဝင်မှုပမာဏများနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
-
2018-04-28 -
-
-
Your browser doesn’t support HTML5 audio
လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်တဲ့အတွက် ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေသူတွေရဲ့သွေးထဲမှာ ကာဗွန်မိုနောက်ဆိုဒ်ဓါတ် ပါဝင်မှုပမာဏများနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကာဗွန်မိုနောက်ဆိုဒ် ပမာဏများများကို အချိန်ကြာကြာရှုမိသူဟာ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သလို အဲဒါဟာ ဓါတ်ငွေ့ဖြစ်တဲ့အတွက် မျက်နှာဖုံးစွပ်ကိုလည်း ထိုးဖောက်ပြီး အသက်ရှုလမ်းကြောင်းထဲ ဝင်ရောက်နိုင်တာမို့ အဲဒီမီးခိုးငွေ့မရှိရာနေရာကို ရှောင်ရှားနေထိုင်ခြင်းဟာ အကောင်းဆုံးပါပဲလို့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဝင်းထွန်းက ပြောပါတယ်။ ဒေါက်တာ ဝင်းထွန်းကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။