ဒဏ်ရာရအကျဉ်းသား ကိုလျှံဖြိုးအောင်ရဲ့ မွေးနေ့

ဒီနေ့ ဇူလိုင် ၂၂ ရက်ဟာ မကွေးအကျဉ်းထောင်ထဲက အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ရဲ့ ၂၃ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ ကိုလျှံဖြိုးအောင်ဟာ မျက်ကြည်လွှာ အစားထိုးဖို့နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ခန္ဓာကိုယ်အတွင်း ခဲဆိပ်တွေပျံ့နေလို့ အမြန်ခွဲစိတ်ဖို့လိုအပ်နေတဲ့သူပါ။ မွေးနေ့ရှင်မပါတဲ့မွေးနေ့မှာ သူ့အတွက် ရည်စူးပြီး ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးကျောင်းတွေမှာ အစာအာဟာရဒါနနဲ့ အောက်ဆီဂျင်ဒါနတွေကို မိသားစုက လှူဒါန်းပေးနေကြပါတယ်။

စစ်ကောင်စီတပ်ကြောင့် လက်တစ်ဖက်ပြတ်ပြီး မျက်လုံးနဲ့ ခြေထောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကိုလျှံဖြိုးအောင်ကို မိခင်နဲ့အတူတွေ့ရစဥ် Photo CJ

ဒီနေ့ ဇူလိုင် ၂၂ ရက်ဟာ မကွေးအကျဉ်းထောင်ထဲက အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ရဲ့ ၂၃ နှစ် မြောက် မွေးနေ့ဖြစ်ပါတယ်။ ကိုလျှံဖြိုးအောင်ဟာ မျက်ကြည်လွှာ အစားထိုးဖို့နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ခန္ဓာကိုယ်အတွင်း ခဲဆိပ်တွေပျံ့နေလို့ အမြန်ခွဲစိတ်ဖို့လိုအပ်နေတဲ့သူပါ။ မွေးနေ့ရှင်မပါတဲ့မွေးနေ့မှာ သူ့အ တွက် ရည်စူးပြီး ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးကျောင်းတွေမှာ အစာအာဟာရဒါနနဲ့ အောက်ဆီဂျင်ဒါနတွေ ကို မိသားစုက လှူဒါန်းပေးနေကြပါတယ်။

အရေးတကြီးခွဲစိတ်ဖို့လိုနေတဲ့ မွေးနေ့ရှင် ကိုလျှံဖြိုးအောင်ဟာ စစ်ဆေးရုံကနေ မကွေးအကျဉ်းထောင်ကို ပြောင်းခဲ့တဲ့ ဇွန်လ ၇ ရက်ကစပြီး ဆေးကုသခွင့်သာမက ဆေးဝါးပို့ခွင့်ပါမရတော့ပါဘူး။ သူ့အတွက်ရည်စူးတဲ့ သူ့မွေးနေ့အလှူမှာ သားဖြစ်သူကို အမြန်ဆုံး ဆေးကုသခွင့်ရပါစေလို့ ဆုတောင်းနေတယ်လို့ သူ့ဖခင် ဦးဟိဏ်းထက် က ပြောပါတယ်။

ကိုလျှံဖြိုးအောင်ရဲ့ဖခင် တိုင်းရင်းဆေးဆရာကြီး ဦးဟိဏ်းထက်နဲ့ အစ်ကိုဖြစ်သူ ဒေါက်တာ ပြည့်ဖြိုးဟိဏ်း တို့ကို RFA ကနေ ကိုလျှံဖြိုးအောင်မွေးနေ့ မတိုင်ခင်က မေးမြန်းထားပါတယ်။ ကိုကျော်အောင်လွင် တင်ဆက်ပါလိမ့်မယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org