လှိုင်သာယာမှာ သေဆုံးသူတချို့ရဲ့ မိသားစုကို အဆက်အသွယ်မရသေး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ မတ် ၁၄ ရက်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၅၀ ကျော်ရှိခဲ့ပါတယ်။

လှိုင်သာယာမှာ စစ်ကောင်စီတပ်က ၂၀၂၁ မတ်လ ၁၄ ရက်နေ့က ပစ်ခတ်တာကြောင့် ပြည်သူတွေ အတားအဆီးတွေကို ဖြတ်ကျော်ပြီး ထွက်ပြေးနေတာကို တွေ့ရစဉ် AFP Photo
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ မတ် ၁၄ ရက်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၅၀ ကျော်ရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲက တချို့ရဲ့ မိသားစုကို အဆက်အသွယ်မရသေးဘူးလို့ ကူညီပေးနေသူက ပြောပါတယ်။ အဲဒီအကြမ်းဖက်ခံရချိန်မှာ ကျန်းမာရေး ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ပရဟိတအဖွဲ့တစ်ခုက လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org