မတ်လ ၁၆ ရက် လှိုင်သာယာအခြေအနေ
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ လက်ရှိ စစ်အုပ်ချုပ်ရေးကြေညာထားသလို ရပ်ကွက်တွေ လမ်းတွေတိုင်းမှာ စစ်သားတွေ ချထားတယ်လို့ ဒေသခံပရဟိတ ကျန်းမာရေး လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌတဦးက RFA ကိုပြောပါတယ်။
-
စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021-03-16 -
-
-
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စစ်သားတွေချထားတဲ့ အခြေအနေ။
Photo: Citizen Journalist
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့သူတွေ အများဆုံးရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်းမှာတင် လူ ၅၀ ကျော်သေဆုံးခဲ့ရတာပါ။
လက်ရှိ စစ်အုပ်ချုပ်ရေးကြေညာထားသလို ရပ်ကွက်တွေ လမ်းတွေတိုင်းမှာ စစ်သားတွေချထားတယ်လို့ ဒေသခံပရဟိတ ကျန်းမာရေးလူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌတဦးက RFA ကိုပြောပါတယ်။
ဒေသခံပရဟိတအဖွဲ့တွေကိုလည်း လိုက်လံဖမ်းဆီးနေတာကြောင့် ဆန္ဒပြပွဲမှာ ဒဏ်ရာရတဲ့သူတွေကို မကူညီနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ မတ်လ ၁၆ ရက် လှိုင်သာယာရဲ့ လက်ရှိအခြေအနေတွေကို RFA ဝိုင်းတော်သား စောဖိုးခွားက ဒီကနေ့ မြန်မာစံတော်ချိန် ၅ နာရီမှာ ဆက်သွယ်မေးမြန်းထားပါတယ်။