ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ ပြည်နယ်အစိုးရ ပြော
ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက် မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေ ခိုလှုံနေတဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းတွေကို နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး ပိတ်သိမ်းတော့မယ်လို့ ပြည်နယ်အစိုးရက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
-
2017-10-28 -
-
-
Your browser doesn’t support HTML5 audio
ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေ ခိုလှုံနေတဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေကို နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး ပိတ်သိမ်းတော့မယ်လို့ ပြည်နယ်အစိုးရက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလို မထုတ်ပြန်ခင်ကတည်းက နေရပ်ပြန်သူတွေရှိပြီး သူတို့အနေနဲ့ မူရင်းနေရပ်တွေမှာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအတွက် အခက်အခဲ ကြုံနေကြရတယ်လို့ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်၊ စစ်တွေဌာနခွဲရဲ့ ဒုတိယဥက္ကဌ ဦးမောင်လှက ပြောပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ နေရပ်ပြန်သူတွေအတွက် နေရေး၊ စားရေးကို စီစဉ်ပေးစေချင်တယ်လို့လည်း ဦးမောင်လှက ပြောပါတယ်။
ဦးမောင်လှကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။