ရေဘေးသင့်ပြည်သူတွေအတွက် ကျပ်သိန်း ၁၅၀၀ ကျော်သုံးစွဲ
ဇူလိုင်လအတွင်း တိုင်းနဲ့ပြည်နယ် ၉ ခုက ရေဘေး သင့်ပြည်သူတွေအတွက် လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်၊ ဆီ၊ ဆား အစရှိတဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု အတွက် ငွေကျပ် သိန်းပေါင်း ၁၅၀၀ ကျော်ကို သုံးစွဲခဲ့ပါတယ်။
-
2017-07-25 -
-
-
Your browser doesn’t support HTML5 audio
ဇူလိုင်လအတွင်း တိုင်းနဲ့ပြည်နယ် ၉ ခုက ရေဘေးသင့်ပြည်သူတွေအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆန်၊ ဆီ၊ ဆား အစရှိတဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုအတွက် ငွေကျပ် သိန်းပေါင်း ၁၅၀၀ ကျော်ကို သုံးစွဲခဲ့ပါတယ်။
မကွေး၊ ရခိုင်၊ပဲခူး၊ မွန် စတဲ့ တိုင်းနဲ့ပြည်နယ် ၉ ခုမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေ ရသူ နှစ်သိန်းလေးသောင်းကျော်ရှိနေပါတယ်။
ရေဘေးသင့်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။