ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာ အကြောင်း မေးမြန်းချက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒု ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှု၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ရာဇဝတ်မှု စတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC မှာ စစ်ဆေးသင့်တယ်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ဆိုတာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စတင်ဖွဲ့စည်းတဲ့ အချိန်ကတည်းက မြန်မာနိုင်ငံအနေနဲ့ သဘောတူလက်ခံခြင်းမရှိတာကြောင့် ခုထုတ်ပြန်တဲ့ အစီရင်ခံစာအပေါ်မှာ လက်ခံခြင်းမရှိသလို အဖွဲ့ကို ပူးပေါင်းဆောင်ရွက်ဖို့မရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org