ဟားခါးမြို့မှာ ဒုက္ခသည်ပြည် သူ ထောင်နဲ့ချီ ဆန္ဒပြတဲ့ အကြောင်း မေးမြန်းချက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဒေသခံ တစ်ထောင်ကျော်ဟာ ပြည်နယ်အစိုးရရဲ့ မြေနေရာ ခွဲဝေပေးမှု၊ နေအိမ်ဆောက်လုပ်စရိတ် ထောက်ပံ့ပေး မှု၊ နေအိမ်ဆောက်လုပ်ပေးမှုတွေနဲ့ပတ်သက်ပြီး မကျေနပ်တာကြောင့် ဒီနေ့ ဟားခါးမြို့မှာ ၃ နာရီကြာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဒေသခံတစ်ထောင်ကျော်ဟာ ပြည်နယ်အစိုးရရဲ့ မြေနေရာ ခွဲဝေပေးမှု၊ နေအိမ်ဆောက်လုပ် စရိတ် ထောက်ပံ့ပေးမှု၊ နေအိမ်ဆောက်လုပ် ပေးမှုတွေနဲ့ပတ်သက်ပြီး မကျေနပ်တာကြောင့် ဒီနေ့ ဟားခါးမြို့မှာ ၃ နာရီကြာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

မြေပြိုကျမှုကြောင့် နေရာအသစ်မှာ အိမ်ယာတွေ၊ မြေကွက်တွေ ဖော်ဆောင်ပေးဖို့ အတွက် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံကနေ ငွေကျပ် ၂၂ ဘီလီယံကို တောင်းခံထားပေမယ့် ကျပ်တစ်ဘီလီယံသာ ချထားပေးတဲ့အတွက် လိုအပ်ချက်တွေ ရှိနေတာဖြစ်တယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးငွန်ဆန်အောင် က ပြောပါတယ်။

ဝန်ကြီး ဦးငွန်ဆန်အောင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org