0:00 / 0:00
စက်သုံးဆီလုပ်ငန်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ခွင့်မပြုဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ စာတင်တောင်းဆိုဖို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းက စီစဉ်ဆောင်ရွက်နေပါတယ်။
အသင်းရဲ့ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။