နိုင်ကျဉ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ လွတ်မြောက်ရေးလှုပ်ရှားမှု အမ်းမှာစတင်

2021.01.07

ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုလို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ဇန်နဝါရီလ ၆ ရက်နေ့ည ၉ နာရီခန့်က အမ်းမြို့နယ်ထဲမှာ စတစ်ကာတွေကပ်ပြီး တောင်းဆိုခဲ့ပါတယ်။

အမ်းမြို့နယ်က ကျေးရွာ (၃၀) နဲ့ မြို့ပေါ်ရပ်ကွက်က နေရာ (၅) ခုမှာ လူထုလှုပ်ရှားမှု တစ်ရပ်အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မိမိတို့ရပ်ရွာအလိုက်ဆောင်ရွက်ခဲ့တာမို့ လူဦးရေ တစ်ထောင်ခန့် ပါဝင်တဲ့ လှုပ်ရှားမှု ဖြစ်ခဲ့တယ်လို့ ဦးဆောင်သူ ကြေ ပာပါတယ်။

AA က ဖမ်းဆီးထားတဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို ပြန်လွှတ်ပေးလိုက်သလို အစိုးရနဲ့ တပ်မတော်ဘက် ကလည်း ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ ဆက်တိုက်တောင်းဆို သွားမယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အမ်းဒေသခံ ဦးမျိုးလွင် ကပြောပါတယ်။

ဦးမျိုးလွင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။