တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေး

၂၀၁၆-၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့တဲ့ မန္တလေး အိုးဘို အကျဉ်းထောင်က အကျဉ်းသား လူငယ် ၅ ဦးကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

၂၀၁၆-၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့တဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်က အကျဉ်းသား လူငယ် ၅ ဦးကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်ပါတယ်။ နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာဖြစ်တယ်လို့ အိုးဘိုအကျဉ်းထောင်က ထောင်ပိုင်ကြီးဖြစ်တဲ့ ဦးချိုဝင်းထွန်းက ပြောပါတယ်။

ဦးချိုဝင်းထွန်းကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org