ပြင်သစ်မှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုနောက်ဆုံးအခြေအနေ ဆက်သွယ်တင်ပြချက်
ပြင်သစ်နိုင်ငံတောင်ပိုင်း Nice နိစ်မြို့မှာ ဇူလိုင် ၁၄ ရက် ညက အမျိုးသားနေ့ အခမ်းအနားကို လူရာပေါင်းများစွာ ပါဝင်ဆင်နွဲနေချိန်မှာ လူတစ်ဦးက ကုန်တင်ထရပ် ကားတစင်းနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူ ၈၄ ဦးရှိသွားပြီဖြစ်ပြီး၊ ၂၀၀ ကျော် ဒဏ်ရာရှိခဲ့ပါတယ်။
-
2016-07-16 -
-
-
Your browser doesn’t support HTML5 audio
ပြင်သစ်နိုင်ငံတောင်ပိုင်း Nice နိစ်မြို့မှာ ဇူလိုင် ၁၄ ရက် ညက အမျိုးသားနေ့ အခမ်းအနားကို လူရာပေါင်းများစွာ ပါဝင်ဆင်နွဲနေချိန်မှာ လူတစ်ဦးက ကုန်တင်ထရပ် ကားတစင်းနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူ ၈၄ ဦးရှိသွားပြီဖြစ်ပြီး၊ ၂၀၀ ကျော် ဒဏ်ရာရှိခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ၁၈ ဦးက အခြေအနေစိုးရိမ်ရပါတယ်။ ဒီအကြမ်းဖက်မှုအပေါ် ပြင်သစ်နိုင်ငံ ရောက် မြန်မာနိုင်ငံသားတွေရဲ့ အမြင်သဘောထားနဲ့ပတ်သက်ပြီး ပဲရစ်မြို့မှာနေထိုင်သူ မစောသူဇာ ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။