ရိုဟင်ဂျာတွေကို ထောက်ပံ့မှုလျှော့ရင် ရာဇဝတ်မှုနဲ့လူကုန်ကူးမှုများလာနိုင်

ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာအတွက် ငွေမလုံလောက်လို့ ထောက်ပံ့မှုကို တစ်လ ဒေါ်လာ ၂၀ ကနေ ၃၀ ကြားတိုးပေးဖို့ တောင်းဆိုနေရာကနေ လက်ရှိမှာ တိုးမရဘဲ လျှော့ချခံလိုက်ရတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ဒုက္ခသည် ကိုးသိန်းကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က တစ်လကို လူတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာထောက်ပံ့ပေးနေရာကနေ ရန်ပုံငွေရရှိမှု ကျဆင်းလာလို့ လာမယ့် မတ်လကစပြီး တစ်လကို ၁၀ ဒေါ်လာသာထောက်ပံ့တော့မယ်လို့ အသိပေးလိုက်ပါတယ်။

မူလကတည်းက ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာအတွက် ငွေမလုံလောက်လို့ ထောက်ပံ့မှုကို တစ်လ ဒေါ်လာ ၂၀ ကနေ ၃၀ ကြားတိုးပေးဖို့ တောင်းဆိုနေရာကနေ လက်ရှိမှာ တိုးမရဘဲ လျှော့ချခံလိုက်ရတာဖြစ်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းမရှိလို့ ထောက်ပံ့မှုနဲ့သာ စားသောက်နေထိုင်ရတဲ့ ရိုဟင်ဂျာတွေအတွက် အခြေအနေဆိုးတွေပိုများလာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းအမှတ် (၇) ကုတုပလောင် ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကိုအောင်မြိုင်ကို “RFA နှင့် စကားပြောခြင်း” အစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org