ဖမ်းဆီးခံရတဲ့ ဦးထွန်းထွန်းဟိန် ကျန်းမာရေး စိုးရိမ်ရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC တစ်ယောက်ဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ဦးနှောက်သွေးကြောတစ်ချောင်းနဲ့ အသက်ရှင်နေရတာဖြစ်ပြီး အခုလို အဖမ်းဆီးခံရတဲ့ သုံးလတာကာလအတွင်းမှာ ကျန်းမာရေးစိုးရိမ်နေရပြီး ကျွမ်းကျင်ဆရာဝန်တွေနဲ့ ကုသခွင့်မရပါဘူး။
- 2021-04-25
-
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC ဦးထွန်းထွန်းဟိန် ပုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC တစ်ယောက်ဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ဦးနှောက်သွေးကြော တစ်ချောင်းနဲ့ အသက်ရှင်နေရတာဖြစ်ပြီး အခုလို အဖမ်းဆီးခံရတဲ့ သုံးလတာကာလအတွင်းမှာ ကျန်းမာရေး စိုးရိမ်နေရပြီး ကျွမ်းကျင်ဆရာဝန်တွေနဲ့ ကုသခွင့်မရပါဘူး။ တခြား အဖမ်းဆီးခံရတဲ့ CEC တွေကလည်း ကျန်းမာရေး စိုးရိမ်နေရတယ်လို့ ဦးထွန်းထွန်းဟိန်ရဲ့သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်က ပြောပါတယ်။ ဒေါ်မေသင်္ကြန်ဟိန်ကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။