မြောက်ဒဂုံမှာ ပစ်ခတ် သတ်ဖြတ်ခံရတဲ့ ကိုချစ်မင်းသူ

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ထဲမှာ မတ်လ ၁၁ ရက် ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွဲခဲ့လို့ တစ်ဦးသေဆုံးခဲ့ပါတယ်။ ၂၅ နှစ်အရွယ် ကိုချစ်မင်းသူဟာ ဦးခေါင်းကို သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တာပါ။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွဲခဲ့လို့ သေဆုံးခဲ့တဲ့ ကိုချစ်မင်းသူ။ Photo: RFA

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ထဲမှာ မတ်လ ၁၁ ရက် ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွဲခဲ့လို့ တစ်ဦးသေဆုံးခဲ့ပါတယ်။ ၂၅ နှစ်အရွယ် ကိုချစ်မင်းသူဟာ ဦးခေါင်းကို သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တာပါ။

ရုပ်အလောင်းကို စစ်ဆေးဖို့ စစ်တပ်ကသိမ်းထားတယ်လို့ သေဆုံးသူ ကိုချစ်မင်းသူရဲ့ဇနီးဖြစ်သူက RFA ကိုပြောပါတယ်။ ကိုချစ်မင်းသူရဲ့ဇနီးကို RFA ဝိုင်းတော်သား စောဖိုးခွားဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org