တိုင်းရင်းသားစာပေတွေ သင်ကြားပေးနေတဲ့ ဆရာတွေ ဝန်ထမ်းခန့်မည်

0:00 / 0:00

တိုင်းရင်းသားစာပေတွေ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို ပညာရေးဝန်ကြီးဌာနရဲ့ နေ့စားလပေးဝန်ထမ်းတွေအဖြစ် ခန့်အပ်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေတယ်လို့ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က ပြောပါတယ်။

ဦးဝင်းနိုင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။