ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၇ ဦးအထိရှိနေ

0:00 / 0:00

ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဒီနေ့ ၂၉ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး A(H1N1) ရောဂါ သံသယရှိလူနာ ၁၀၀ ကျော်ရှိပြီး ၄၁ ဦးမှာ ရောဂါပိုးတေ့ွရှိထားသလို သေဆုံးသူ ၇ ဦး အထိရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ရာသီတုပ်ကွေးအပြင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေမှု အခြေအနေတွေနဲ့ ပြည်သူတွေအတွက် ဘယ်လောက်အထိ စိုးရိမ်မှုတွေရှိနေသလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် ကို RFA သတင်းထာက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။