ဒယ်အိုးဆရာတော် ဂျပန်မှာ ဟောကြား

ဆရာတော် ဦးသုမင်္ဂလ(ခေါ်) ဒယ်အိုးဆရာတော်ကို အာဏာပိုင်တွေက ၂၀၁၁ ဒီဇင်ဘာလ ကနေ ၂၀၁၂ ဒီဇင်ဘာလ အထိ တရားဟောခွင့် ပိတ်ပင်ထားတာကြောင့် ဆရာတော်ဟာ ဒီဝါတွင်းကာလမှာ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ တရားဟောဖို့ လောလောဆယ် ဂျပန်နိုင်ငံမှာ ရောက်ရှိ သတင်းသုံးပြီး တရားဟောကြားနေပါတယ်။

ဆရာတော် ဦးသုမင်္ဂလ(ခေါ်)  ဒယ်အိုးဆရာတော်၏ တရားပွဲ ဖိတ်ကြားလွှာ။
ဆရာတော် ဦးသုမင်္ဂလ(ခေါ်) ဒယ်အိုးဆရာတော်၏ တရားပွဲ ဖိတ်ကြားလွှာ။ (RFA)

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် အများဆုံး နိုင်ငံ ဖြစ်ပေမယ့် ရဟန်းသံဃာတွေလည်း တရားဟောခွင့် ပိတ်ပင်ခံနေရသလို ပြည်သူ့ အကျိုးပြု စေတနာ့ဝန်ထမ်း လုပ်ငန်းတွေမှာ သံဃာတော်တွေရဲ့ ပါဝင်မှုကိုပါ ပိတ်ပင်ထားတယ်လို့ ဆရာတော်က RFA ကို မိန့်တော်မူပါတယ်။

ဒယ်အိုးဆရာတော်ကို RFA ကိုဉာဏ်ဝင်းအောင်က မေးမြန်း လျှောက်ထားပါတယ်။

0:00 / 0:00