ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူသွားမည်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ နဲ့ အောင်မြင်အောင် ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေကို ကမ္ဘာ့နိုင်ငံတွေ သိရှိနိုင်အောင် စင်ကာပူနိုင်ငံက Singapore Lecture မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က အခုလအတွင်း မိန့်ခွန်းပြောကြားသွား မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ အောင်မြင်အောင် ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေကို ကမ္ဘာ့နိုင်ငံတွေ သိရှိနိုင်အောင် စင်ကာပူနိုင်ငံက Singapore Lecture မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က အခုလအတွင်း မိန့်ခွန်းပြောကြားသွားမှာဖြစ်ပါတယ်။

ဒီသြဂုတ်လ ၂၀ ရက်နေ့နောက်ပိုင်း စင်ကာပူနိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားမှုအရ အတိုင်ပင်ခံပုဂ္ဂိုလ်က စင်ကာပူနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် ကပြောပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org