ဒဂုန်တာရာနဲ့ မြစ်မင်းဧရာ

ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းဟာ မြန်မာ့သဘာဝ၊ မြန်မာ့ဘဝကို ဖျက်ဆီးနိုင်ရုံတင် မဟုတ်ပဲ အာရှဒေသ ငြိမ်းချမ်းရေးကိုပါ ထိခိုက် ပျက်စီးစေနိုင်တဲ့ အတွက် လေးနက်စွာ ကန့်ကွက်လိုက်တယ်လို့ ကဗျာဆရာကြီး ဒဂုန်တာရာက ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်မှာ ဧရာဝတီအရေးနဲ့ ပတ်သက်လို့ ဆရာကြီးက "ထလော့မြစ်မင်းဧရာ" ဆိုတဲ့ ကဗျာတပုဒ်နဲ့ပါ လှုံ့ဆော်ထားပြီး၊ ဧရာဝတီမြစ်ဆုံမှ ရေတွေ စီးပါစေ၊ ကျည်ဆန်တွေ မစီးပါစေနဲ့လို့ ဆန္ဒပြု ရေးသားထားပါတယ်။

ဒီကိစ္စကို လွှတ်တော်မှာ ဆုံးဖြတ်ကြဖို့ လိုအပ်တဲ့အကြောင်းလည်း ဆရာကြီး ဒဂုန်တာရာက ပြောပါတယ်။

ဧရာဝတီမြစ်ဆုံ ရေကာတာ ရပ်တန့်ရေး နှိုးဆော်လိုက်တဲ့ ဆရာကြီး ဒဂုန်တာရာနဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org