အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းမယ်လို့ CRPH ပြောရေးဆိုခွင့်ရှိသူ ပြော

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ဆန္ဒမဲပေးခဲ့ကြတဲ့ မဲရလဒ်နဲ့ အညီပေါ်ပေါက်လာမယ့် အမျိုးသားညီညွတ်ရေး အစိုးရသစ်တစ်ရပ်ကို မကြာခင် ဖွဲ့စည်းသွားမှာဖြစ်ပြီး တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေ ပါဝင်လာအောင် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ပြောပါတယ်။

CRPH ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန်(ခေါ်) မောင်တင်သစ်ကို တွေ့ရစဉ်

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ဆန္ဒမဲပေးခဲ့ကြတဲ့ မဲရလဒ်နဲ့ အညီပေါ်ပေါက်လာမယ့် အမျိုးသားညီညွတ်ရေး အစိုးရသစ်တစ်ရပ်ကို မကြာခင် ဖွဲ့စည်းသွားမှာဖြစ်ပြီး တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေ ပါဝင်လာအောင် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ပြောပါတယ်။

“စစ်ကောင်စီက အာဏာသိမ်းလိုက်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အတိတ်မှာ ကျန်ခဲ့ပြီ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ အပါအဝင် လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ပါ ဆက်သွယ်ဆွေးနွေးမှုတွေရှိတယ်” လို့ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန်(ခေါ်) မောင်တင်သစ်က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်လို့ကျဆုံးခဲ့ရသူတွေကိစ္စ၊ CRPH အစိုးရအဖွဲ့က အစိုးရအဖွဲ့ဝင်ဝန်ကြီးသစ်တွေ ခန့်အပ်တဲ့ကိစ္စ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ရှိတဲ့ကိစ္စတွေကို RFA သတင်းဌာနက ဦးရည်မွန်(ခေါ်) မောင်တင်သစ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org