ဆေးရုံသုံးပစ္စည်းမလုံလောက်မှု ဘယ်လိုဖြေရှင်းကြမလဲ
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကပ်ရောဂါကြီးကို ရင်ဆိုင်နေရချိန် - မြန်မာနိုင်ငံက ကျန်းမာရေး ဝန်ထမ်းတွေကြားမှာတော့ - ဒီကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်ဖို့အတွက် ဆေးရုံသုံး ပစ္စည်း မလုံလောက်မှာ စိုးရိမ်တာတွေ ရှိနေပါတယ်။
-
နန္ဒာချမ်း
2020-04-24 -
-
-
NHS-622.jpg
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ တိုးလာနေသလို - မကြာသေးခင်ကဆိုရင် မေ့ဆေး ဆရာဝန်ကြီးကိုယ်တိုင် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေး အကြီးအကဲ - တေးဒရိုစ့် အက်ဒ်နွန် ဂေဘရေယေးစု ကလည်း - ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်မပေးနိုင်ဘဲနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေကြားမှာ ဆေးရုံသုံးပစ္စည်း လိုအပ်ချက်တွေ ကြုံရမှာကို စိုးရိမ်တာတွေလည်း ရှိနေတာပါ။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဆီးချိုနဲ့ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ စန္ဒီဝင်းညွန့် ကတော့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အခြေခံကျကျ ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ရှိတဲ့အကြောင်း - သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး အခုလို အကြံပြု ထားပါတယ်။
“ကျမတို့ ဆေးရုံမှာကိုက ဆရာဝန်တွေ အများကြီး ကူးစက်ခံရပါတယ်။ အဓိကကတော့ သူတို့ သုတေသန တွေလည်း အများကြီး လုပ်ထားပါတယ်။ အဓိကကတော့ PPE ပေ့ါနော်။ အဲဒီဟာတွေ မလုံလောက်တာ၊ နောက်တခုက ဝတ်တာနဲ့ ချွတ်တာနဲ့ သေသေချာချာ မလုပ်မိတာတွေထဲမှာ အဓိက ဆရာဝန်တွေ ကူးတတ်ပါ တယ်။ အဲဒီဟာလေးတွေက Training တွေ လိုပါတယ်။ အဲ့ဒါက နံပါတ်-၁”
“နောက်တခုကတော့ ဘယ်ဟာတွေကို လုပ်ရင် အန္တရာယ်များသလဲဆိုတာ သိရပါတယ်။ လူနာအသက်ရှူ လမ်းကြောင်းထဲကို ပိုက်ထိုးထည့်ရတယ်။ အသက်ရှူစက်ပေးဖို့အတွက်ကို။ အဲ့ဒီအချိန်က အန္တရာယ်အရှိဆုံးပဲ။ လူနာဆီက အမှုန်တွေထွက်တာ။ ပုံမှန် ချောင်းဆိုးလိုက်လို့ ထွက်တဲ့ အမှုန်တွေထက် ပိုသေးပြီး ရာနဲ့ ထောင်နဲ့ချီ ထွက်နေ တဲ့အချိန်ဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ အဆင့်မြင့် PPE လို့ခေါ်တဲ့ မျက်နှာအကာ အအုပ်တွေ အပြည့်အစုံ အကုန် ဝတ်ရပါတယ်။ နောက်တခုက လူနာအသက်ရှူရပ်သွားတဲ့အချိန် နှလုံးပြန်ခုန်အောင် နှိပ်ရတဲ့အချိန်မှာ လူနာတွေဆီက အမှုန်တွေ အများကြီး ထွက်နေပါတယ်။ အဲ့ဒီဟာတွေကို ဘယ်လို ကာကွယ်မလဲ။ အဲဒါတွေက အရေးကြီးပါတယ်။ အဲ့ဒါက နံပါတ်-၂”
“နောက်တခုကတော့ ဒီမှာ ဆရာဝန်တွေကို သေချာမေးပါတယ်။ ကိုဗစ်လူနာတွေကို မတွေ့ခင်မှာ နင်တို့မှာ ဘာရောဂါတွေရှိသလဲ။ တချို့က နှလုံးမကောင်းတာ၊ တချို့က မွေးရာပါ အဆုတ်မကောင်းတာ၊ တချို့က ကျောက်ကပ်လဲထားတဲ့ ဆရာဝန်တွေကိုယ်တိုင်ရှိတယ်။ သူနာပြုတွေရောပေ့ါနော်။ အဲ့လိုလူတွေကို ကျမတို့ ရှေ့တန်းမတင်ပါဘူး။ အဲ့လိုလူတွေကို နောက်တန်းမှာပဲ တတ်နိုင်သမျှ တခြား ကူညီပေးနိုင်တဲ့နေရာတွေမှာ နေရာ ပြန်ပြောင်းချပေးပါတယ်”
“အဓိက ဘယ်နေရာတွေ ကာကွယ်ရမလဲဆိုတာ သိဖို့လိုတယ်။ ကျမတို့အတွက် အရေးကြီးဆုံးက နှာခေါင်း ရယ်၊ ပါးစပ်ရယ်၊ မျက်လုံးရယ်၊ လက်ရယ်ပေ့ါနော်။ ဒီလေးနေရာကို အဓိက ကာကွယ်ရမှာ။ ဦးထုပ်ကြီးတွေ ပါတဲ့ အဖြူရောင်ဝတ်စုံကြီးတွေ မရှိရင်တောင်မှ အဓိက နှာခေါင်းစည်းပေ့ါနော်။ နှာခေါင်းစည်း ကတော့ အရေးအကြီးဆုံးပါ။ ပြီးတော့ မျက်မှန်လိုဟာမျိုးပေ့ါ။ မျက်လုံးကို လုံအောင် ကာလို့ရမယ့်ဟာရယ်၊ နောက် တခုက လက်အိတ်ရယ်၊ နောက်တခုက ကျမတို့ဆီမှာဆိုရင် ပလတ်စတစ်အကာလေးတွေ လည်ပင်းမှာ ချည်လို့ရတဲ့ဟာလေးတွေ ကာလို့ရသလောက်ပေ့ါနော်။ ဒါတွေက အဓိက Basic ပါပဲ။ မဖြစ်မနေ ဝတ်ကို ဝတ်ရမယ်ပေ့ါနော်။ အဲ့ဒါလေးတွေက တကယ်တမ်းပြောမယ်ဆိုရင် နည်းပညာအကြီးကြီးတွေလည်း မလိုပါ ဘူး။ ကျမတို့တိုင်းပြည်မှာဆိုရင် တချို့ဆိုရင် နှာခေါင်းစည်းတွေ ချုပ်ကြတယ်။ မျက်နှာကာတာတွေ ချုပ်ကြ တယ်ပေါ့နော်။ အဲ့ဒီဟာလေးလောက် ဝတ်နိုင်ရင်ကို ရိုးရိုးလူနာပေါ့။ အရမ်းလည်း ချောင်းဆိုးမနေဘူး။ သိပ်ပြီးတော့လည်း ဖျားနာမနေတဲ့ လူနာမျိုးဆိုရင် ကျမတို့ အခု ဗြိတိန်မှာလည်း အဲ့လောက်လေးနဲ့ပဲ လူနာတွေကို ကြည့်နေကြတာပါရှင့်”
ဒီဆေးရုံသုံးပစ္စည်းတွေကို မြန်မာနိုင်ငံမှာတင် ထုတ်လုပ်နိုင်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာရော၊ အလုပ်လက်မဲ့ဖြစ်နေတဲ့ စက်ရုံဝန်ထမ်းတွေအတွက်ပါ အကျိုးရှိနိုင်မယ်လို့လည်း သူက အကြံပြုခဲ့ပါတယ်။
“တခုရှိတာက တိုးတက်တဲ့တိုင်းပြည်တွေ အမေရိကားလို၊ ဗြိတိန်လို နိုင်ငံတွေက သွင်းကုန်ကို အဓိက အားထားရပါတယ်။ PPE ဝတ်စုံဆိုတာကလည်း တရုတ်နိုင်ငံကလာတာ။ အဓိက အဲ့ဒီဟာတွေကို တင်ပို့တဲ့ အခါမှာ သင်္ဘောတွေကြားမှာ ကြန့်ကြာတာတွေ အများကြီးရှိပါတယ်။ မြန်မာပြည်ရဲ့ အားသာချက်ကတော့ ထုတ်ကုန်ထုတ်တဲ့တိုင်းပြည်တွေပါ။ ထုတ်ကုန်ထုတ်တဲ့တိုင်းပြည်တွေဆိုတော့ ကျမတို့မှာက ကုန်ကြမ်းတွေ အပြည့်ရှိတယ်။ လုပ်မယ့် လူအင်အားတွေရှိတယ်။ နောက် စက်ရုံတွေရှိတယ်ပေါ့နော်။ အဲဒီနေရာတွေမှာသာ ဒါမျိုးတွေ ပြောင်းလဲပြီး ထုတ်နိုင်လို့ရှိရင် ကိုယ့်တိုင်းပြည်အတွက်လည်း အကျိုးရှိတယ်။ ဆေးရုံတွေမှာလည်း အကျိုးရှိသလို၊ အထည်ချုပ်လုပ်ငန်းက အလုပ်သမားတွေအတွက်လည်း ဒီလူတွေအတွက်လည်း အရမ်း အကျိုးရှိနိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။”
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း - ဆေးရုံသုံးပစ္စည်း လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကမ္ဘာတဝှမ်းမှာ ၄ဝ ရာခိုင်နှုန်း အထိ တိုးထုတ်ဖို့ရာ ပြီးခဲ့တဲ့ မတ်လထဲမှာပဲ တိုက်တွန်းထားပါတယ်။