တရုတ် တစ်သျှူးငှက်ပျော စိုက်ခင်းတွေဆီ ကော်မတီ သွားလေ့လာ

ကချင်ပြည်နယ်လွှတ်တော် စီးပွားရေး နဲ့ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကော်မတီရဲ့ စီးပွားရေး စစ်တမ်းအတွက် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ တရုတ် တစ်သျှူးငှက်ပျော စိုက်ခင်းတွေကို ကော်မတီအဖွဲ့ဝင်တွေက သွားရောက်လေ့လာခဲ့ကြပါတယ်။

ကချင်ပြည်နယ်လွှတ်တော် စီးပွားရေး နဲ့ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီရဲ့ စီးပွားရေး စစ်တမ်းအတွက် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ တရုတ် တစ်သျှူးငှက်ပျော စိုက်ခင်းတွေကို ကော်မတီအဖွဲ့ဝင်တွေက သွားရောက်လေ့လာခဲ့ကြပါတယ်။

အဲဒီ လေ့လာတွေ့ရှိချက်တွေအရ ကုမ္ပဏီ ၄ ခု ရဲ့ တရုတ် တစ်သျှူးငှက်ပျော စုစုပေါင်း စိုက်ဧကဟာ ၁ သောင်းဝန်းကျင်ရှိပြီး အားလုံးဟာ တရားမဝင် စိုက်ပျိုး လုပ်ကိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

ကွင်းဆင်းရာမှာ ပါဝင်ခဲ့တဲ့ စီးပွားရေး နဲ့ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org