AA လက်ထဲရောက်နေတဲ့ ဦးဝှေ့တင်းအတွက် ဇနီးသည်ပူပန်
ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ဖမ်းထားတဲ့ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ ပတ်သက်လို့ ဇနီးသည်က စိုးရိမ်နေပါတယ်။
-
နေရိန်ကျော်
2019-11-10 -
-
-
AA ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို လွှတ်တော်မှာတွေ့ရစဉ်
Photo - Myanmar Union Parliament
Your browser doesn’t support HTML5 audio
ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ဖမ်းထားတဲ့ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ ပတ်သက်လို့ ဇနီးသည်က စိုးရိမ်နေပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီလုပ်ရပ်ကိုရှုတ်ချလိုက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တိုက်တွန်းတဲ့အကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဦးဝှေ့တင်းဟာ တပ်မတော်နဲ့ ပူးပေါင်းပြီးတော့ အေအေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ ခမီးလူငယ်တွေကို လျှို့ဝှက်စုဖွဲ့ပြီးတော့မှ လုပ်နေတာတွေရှိတယ်လို့ AA အဖွဲ့က နိုဝင်ဘာလ ၄ ရက်နေ့က ပြောထားပါတယ်။ ဒါဟာ စွပ်စွဲချက်အမှားဖြစ်တယ်လို့ ဇနီးသည်က ပြောပါတယ်။
ဦးဝှေ့တင်းရဲ့ ဇနီး ဒေါ်ခင်အိဆင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သီးသန့်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။