အပြစ်မဲ့ ပြည်သူတွေကို မဖမ်းချင်တဲ့ရဲတပ်သား CDM မှာ ပါဝင်လာ
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ရဲစခန်းက ရဲတပ်သား ကိုသန့်ဇင်အောင်ဟာ ဆန္ဒပြ ပြည်သူတွေနဲ့ သတင်းသမားတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ မလုပ်ချင်တဲ့အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ရဲ့ နယ်မြေမှာ လောလောဆယ် ခိုလှုံနေပါတယ်။
- 2021-04-01
-

သူ့ရဲ့ ရဲတပ်သားနံပါတ်က လ-၂၇၇ ၅၆၇ ဖြစ်တယ်လို့ ကိုသန့်ဇင်အောင်က ဆိုပါတယ်။
သူဟာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့အပိုင် ရေတွင်းကုန်းကျေးရွာ ဇာတိဖြစ်ပြီး၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကမှ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်လေးလုံး အမှတ် (၄) ရဲလေ့ကျင့်ရေးကျောင်းကနေ သင်တန်းဆင်းလာတာ ဖြစ်ပါတယ်။
သင်တန်းဆင်းပြီးပြီးချင်းမှာပဲ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ် အမှတ် (၄)ကို တာဝန်ပေးခံရပြီးတဲ့နောက် ဒေသခံစစ်တပ်ရဲ့ မတရားမှုတွေကို မနှစ်မြို့ခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီ့နောက် မောင်တောမြို့ကနေ ဇာတိဒေသ ပဲခူးတိုင်း ပြွန်တန်ဆာမြို့ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် အာဏာသိမ်း ဖြစ်စဉ်ကို ကြုံတွေ့ရတဲ့အတွက် ရဲတပ်ဖွဲ့ထဲမှာ ဆက်မနေလိုတော့ဘဲ မတ်လ ၆ ရက်နေ့မှာ CDM စလုပ်ခဲ့တာ ဖြစ်ပါတယ်။