CDM ဝင်ပြီးတိမ်းရှောင်လာတဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံအရာရှိတစ်ဦး

စစ်တပ်နည်းပညာတက္ကသိုလ်သင်တန်းဆင်းထား တပ်မတော်(ကြည်း) ပြန်တမ်းဝင် အရာရှိတစ်ဦးနဲ့ RFA က စကားပြောခဲ့တာဖြစ်ပါတယ်။

သူဟာ စစ်တပ် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)မှာ တာဝန်ထမ်းဆောင်နေရင်းက အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပြီး၊ နယ်စပ်ကနေတဆင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။

သူ့လို ကပစ မှာ တာဝန်ထမ်းဆောင်ရင်း CDM ဝင်ရောက်ခဲ့တဲ့ အရာရှိ သုံးဦးရှိတယ်လို့ ဆိုပါတယ်။

ကာယကံရှင်ရဲ့ နာမည်၊ ကိုယ်ပိုင်အမှတ်၊ ကိုယ်ရေး အချက်အလက်တွေကို RFA က လက်ခံရရှိထားပေမယ့် သူ့ရဲ့တောင်းဆိုချက်အရ ပရိသတ်တွေကိုတော့ ဖော်ပြနိုင်ခြင်းမရှိပါဘူး။

RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org