ဦးဘိုဘိုမင်းသိုက် သေဆုံးတဲ့အမှု AA ပြန်ကြားရေးတာဝန်ခံနဲ့ မေးမြန်းချက်

0:00 / 0:00

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုမှာ ရခိုင်တပ်မတော် AA ဘက်က ကြိုတင်ကြံစည်လုပ်ဆောင်မှုတွေရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ဟာ ရခိုင့်တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် စွပ်စွဲတာဖြစ်ပြီး AA နဲ့ သက်ဆိုင်မှုမရှိဘူးလို့ ရခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။

ခိုင်သုခကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။