ဧပြီ ၉ ရက်ဖြိုခွင်းမှုအပြီး ပဲခူးက လူငယ်ထောင်နဲ့ချီ ထွက်ပြေးနေရ

တင်အောင်ခိုင်(ဝါရှင်တန်ဒီစီ)
2021.05.19

ပဲခူးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာသပိတ်တိုက်ပွဲဝင်ကြသူတွေကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းတာကြောင့် သပိတ်မှာပါဝင်တဲ့ ဒေသခံလူငယ် ထောင်နဲ့ချီပြီး ထွက်ပြေးခဲ့ကြရတယ်လို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်တဲ့ Gen Z လူငယ်တဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းတာကြောင့် သေဆုံးသူ ၁၀၀ ဝန်းကျင် ရှိလိမ့်မယ်လို့ ခန့်မှန်းတယ်လို့လည်း ပြောပါတယ်။ လွတ်မြောက်နယ်မြေကို ရောက်နေတဲ့ ပဲခူးမြို့ခံ GenZ အမျိုးသမီးငယ်တဦးကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။