0:00 / 0:00
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ မော်လမြိုင်ကျွန်းနဲ့ ဟိုင်းကြီးကျွန်းမြို့တွေက ဒေသခံ တစ်သောင်းကျော်ကို မုန်တိုင်းအန္တရာယ် လွတ်ကင်းအောင် ပြောင်းရွှေ့နေရာချထားပေးနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောပါတယ်။
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။