စည်ပင်ဧည့်ရိပ်သာကနေ ဖယ်ပေးဖို့ ဖိအားပေးတဲ့အပေါ် ဦးအောင်ကြည်ညွန့် ဘာပြောလဲ

NLD ပါတီရဲ့ သဘာပတိ ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်းမှာ စည်ပင်ဧည့်ရိပ်သာကို ရောက်လာပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ကို တွေ့ရစဉ်

NLD ပါတီရဲ့ သဘာပတိ ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်းမှာ စည်ပင်ဧည့်ရိပ်သာကို ရောက်လာပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုနေတဲ့ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို ၂၄ နာရီအတွင်း ထွက်ခွာပေးဖို့ အာဏာသိမ်း အစိုးရဘက်က ဖိအားပေးခဲ့ပါတယ်။

ဒီအခြေအနေနှစ်ခုက ဆက်စပ်မှုရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org