ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၂ နှစ်အရွယ်မှာ လုပ်ကြံခံလိုက်ရတာ၊ ဗိုလ်ချုပ် ကြိုးပမ်းဆောင်ရွက်ခဲ့လို့ ဇန္နဝါရီလ ၄ ရက်မှာ လွတ်လပ်ရေး ရခဲ့တာတွေကို အစွဲပြုပြီး ကျပ်ငွေ ၃၂ သိန်း ၄ ဆဖြစ်တဲ့ ၁၂၈ သိန်း လှူဒါန်းရတာလို့ ဆရာတော်က အာအက်ဖ်အေကို မိန့်ပါတယ်။ ရေနံချောင်းမြို့ဇာတိ အရှင်ဆန္ဒာဓိကဟာ ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က တက်ရောက် ပညာသင်ကြားဖူးတဲ့ ရေနံချောင်း အမျိုးသားကျောင်းမှာ တက်ရောက်ခဲ့တာကြောင့် ငယ်ငယ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အများအတွက် အနစ်နာခံတဲ့ စိတ်ဓာတ်ကို အားကျ အတုယူခဲ့ကြောင်း ဆရာတော်က မိန့်ပါတယ်။ လောလောဆယ် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ်မှာ ခေတ္တကြွရောက် သီတင်းသုံးနေတဲ့ အရှင်ဆန္ဒာဓိကကို အာအက်ဖ်အေက ကိုဉာဏ်ဝင်းအောင် ဆက်သွယ် လျှောက်ထား မေးမြန်းခဲ့ပါတယ်။
0:00 / 0:00