KIA စခန်း ၂၂ ခု သိမ်းပိုက်နိုင်တယ်လို့ တပ်မတော်ထုတ်ပြန်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီး-ဂိုက်ထိပ်ဒေသအတွင်းမှာ KIA က တဖက်နိုင်ငံကို တရားမဝင် သစ်ခိုးထုတ်မှုတွေ ဆောင်ရွက်နေကြောင်းနဲ့ တပ်မတော်က ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ အခု ဇန်နဝါရီလ ၃ ရက်နေ့အထိ ကေအိုင်အေရဲ့ စခန်းငယ် ၁၈ ခုနဲ့ အဓိကစခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီး-ဂိုက်ထိပ်ဒေသအတွင်းမှာ KIA က တဖက်နိုင်ငံကို တရားမဝင် သစ်ခိုးထုတ်မှုတွေ ဆောင်ရွက်နေကြောင်းနဲ့ တပ်မတော်က ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ အခု ဇန်နဝါရီလ ၃ ရက်နေ့အထိ ကေအိုင်အေရဲ့ စခန်းငယ် ၁၈ ခုနဲ့ အဓိကစခန်း ၄ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူကတော့ အဲဒီစခန်းတွေဟာ KIA ရဲ့ အခိုင်အမာ တပ်စခန်းတွေမဟုတ်ဘဲ ကင်းစခန်းတွေသာဖြစ်တယ်လို့ ပြောပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့ရက်စွဲနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူ ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org