ထိုင်းအနိမ့်ဆုံးလုပ်ခ တိုးမြှင့်ရေးမှာ မြန်မာလုပ်သားတွေ ခံစားခွင့်ရဖို့ တောင်းဆို

အနိမ့်ဆုံးလုပ်ခတိုးမြှင့်မယ့်ကိစ္စမှာ ထိုင်းနိုင်ငံရောက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယမ်နမ်နိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေ မပါဝင်သေးပါဘူး။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံကိုရောက်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံခဲ့ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေးအရ တားဆီးနေစဉ်။ Reuters

ထိုင်းအစိုးရသစ်က အနိမ့်ဆုံးအခြေခံလုပ်အားခအဖြစ် တစ်ရက်ကို ဘတ်လေးရာ အထိတိုးမြှင့်သတ်မှတ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံသားတွေကို ရည်ရွယ်ပြီး လာမယ့် တစ်လအတွင်း အနိမ့်ဆုံးအခြေခံလုပ်အားခ တိုးမြှင့်ပေးဖို့ စီစဉ်နေတာလို့ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခတိုးမြှင့်မယ့်ကိစ္စမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယမ်နမ်နိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေ မပါဝင်သေးတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေ၊ ထိုင်းအလုပ်သမားအဖွဲ့အစည်းတွေနဲ့ ရွှေ့ပြောင်းလုပ်သားအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ထိုင်းအာဏာပိုင်တွေထံ တင်ပြ ကန့်ကွက်သွားမယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး ကပြောပါတယ်။

ဦးမိုးကြိုးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org