AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်နဲ့ တွေ့ဆုံမေးမြန်းချက်
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ရှိနေသေးသလို၊ အမှုရင်ဆိုင်နေရသူက ၂၀၀ ကျော်ရှိပြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မှာလည်း ဘဝပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်နေသေးတယ်လို့ AAPP နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။
-
2017-11-17 -
-
-
Your browser doesn’t support HTML5 audio
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ရှိနေသေးသလို၊ အမှုရင်ဆိုင်နေရသူက ၂၀၀ ကျော်ရှိပြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေမှာလည်း ဘဝပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်နေသေးတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။
ဒါ့အပြင် ရာဇဝတ်မှုနဲ့အကျဉ်းကျခံရတဲ့သူတွေကို ထောင်ထဲမှာ အတွေးအခေါ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ အသက်မွေးဝမ်းကြောင်းပညာ သင်ပေးရေး၊ အလုပ်ခိုင်းတဲ့အခါ မျှတတဲ့လုပ်အားခပေးနိုင်ရေးတွေလည်း လုပ်သင့်တယ်လို့ AAPP က ထောက်ပြပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ကို ခေတ္တရောက်နေတဲ့ AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တွေ့ဆုံမေးမြန်းထားပါတယ်။