ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေး ပြုလုပ်ခွင့်
ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အစည်းအဝေး ပြုလုပ်ခွင့်ရဖို့အတွက် ကြိုးစားနေတယ်လို့ CSSU အလှည့်ကျ သဘာပတိ စိုင်းအိုက်ပေါင်းက ပြောပါတယ်။
-
2018-09-12 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အစည်းအဝေး ပြုလုပ်ခွင့်ရဖို့အတွက် ကြိုးစားနေတယ်လို့ CSSU အလှည့်ကျ သဘာပတိ စိုင်းအိုက်ပေါင်းက ပြောပါတယ်။ NCA လက်မှတ် မထိုးထားတဲ့အဖွဲ့တွေ ပါဝင်နေတာကြောင့် အစိုးရက ခွင့်မပြုတာလို့ သိရကြောင်းနဲ့၊ ဒီအစည်းအဝေး ပြုလုပ်ခွင့်ရဖို့အတွက် NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို စာပေးပို့ထားတယ်လို့ စိုင်းအိုက်ပေါင်းက ပြောပါတယ်။
CSSU သဘာပတိ စိုင်းအိုက်ပေါင်းကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။