တပ်မတော်က တရားစွဲဆိုထားသူ ၈ ဦးကို အမှုရုပ်သိမ်း

တပ်မတော်က သတင်းမီဒီယာ ၆ ဦးနဲ့ လူပုဂ္ဂိုလ်နှစ်ဦး စုစုပေါင်း ၈ဦးကို တရားစွဲဆိုထားတဲ့ အမှုတွေကို ဒီနေ့ ကျေအေးရုပ်သိမ်းပေးလိုက်ပါတယ်။

တပ်မတော်က သတင်းမီဒီယာ ၆ ဦးနဲ့ လူပုဂ္ဂိုလ်နှစ်ဦး စုစုပေါင်း ၈ဦးကို တရားစွဲဆိုထားတဲ့ အမှုတွေကို ဒီနေ့ ကျေအေးရုပ်သိမ်းပေးလိုက်ပါတယ်။

တပ်မတော်က သတင်းမီဒီယာသမား ၆ ဦးကို ကျေအေးပေးတဲ့အမှုတွေထဲမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) တို့နဲ့ စွဲဆိုထားတဲ့အမှုတွေ ပါဝင်ပြီး တပ်မတော်အနေနဲ့ သတင်းမီဒီယာသမားတွေကို အခုလို အမှုရုပ်သိမ်း ကျေအေးပေးတာကို ကြိုဆိုတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org