မောင်တောမှာ ကိုယ်စားလှယ်လောင်း ၁၉ ဦး အပယ်ခံရ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ထဲက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသူ ၅၅ ဦးထဲက ၁၉ ဦးဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှုမရှိလို့ဆိုပြီး မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပါတယ်။
-
2015-08-31 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ထဲက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသူ ၅၅ ဦးထဲက ၁၉ ဦးဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှုမရှိလို့ဆိုပြီး မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပါတယ်။
ပယ်ချခံရတဲ့ ကိုယ်စားလှယ်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီတွေအပြင် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်ကြတယ်လို့ ပြောပါတယ်။
မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲအရာရှိ ဦးဆန်းဝင်းထွန်းကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က ဆက်သွယ်မေးမြန်းထားပါတယ်။