တောင်တွင်းကြီးမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် လူငယ် သေဆုံး

မတ်လ ၂ ရက် ညနေပိုင်းက တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားတိုက်နယ်၊ အမှတ် (၅) ရပ်ကွက်မှာ စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် ကိုသီဟဇော် (ခ) နောင်နောင် သေဆုံးသွားခဲ့ပါတယ်။

တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားတိုက်နယ်၊ အမှတ် (၅) ရပ်ကွက်။ Photo: Citizen Journalist

မတ်လ ၂ ရက် ညနေပိုင်းက တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားတိုက်နယ်၊ အမှတ် (၅) ရပ်ကွက်မှာ စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် ကိုသီဟဇော် (ခ) နောင်နောင် သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် စစ်သားတွေက ဆတ်သွားကျေးရွာ ရေကန်အတွင်း ကျွဲကျောင်းရင်း ဂိမ်းဆော့နေကြတဲ့ လူငယ် ၂ ဦးကိုလဲ ထိုးကြိတ် ရိုက်နှက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေကို ဆတ်သွားဒေသခံ ဦးအောင်လက်ျာ ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org