ဆက်သွယ်ရေးဂြိုဟ်တု အစီအစဉ်သစ်
RFA ရုပ်သံအစီအစဉ်တွေကို Thaicom ဂြိုဟ်တု ကတဆင့် ၂၄ နာရီပတ်လုံး ဖမ်းယူကြည့်ရှုနိုင်ပါပြီ။
- 2021-06-04
-
-
-
လွတ်လပ်တဲ့အာရှအသံ RFA နဲ့ VOA မြန်မာပိုင်းရဲ့ ရုပ်သံအစီအစဉ်တွေကို ၂၀၂၁ ဇူလိုင်လ ၁ ရက်နေ့ ကစပြီး Thaicom ဆက်သွယ်ရေးဂြိုဟ်တုကတဆင့် ၂၄ နာရီပတ်လုံး ဖမ်းယူကြည့်ရှုနိုင်ပါပြီ။
Thaicom ဆက်သွယ်ရေးဂြိုဟ်တုအတွက် စက်ပိုင်းဆိုင်ရာ အချက်အလက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
THAICOM 6 | |
Satellite | Thaicom 6 at 78.5° East |
Downlink Frequency | 12.687 GHz |
FEC | 5/6 |
Symbol Rate | 30.0 Msym/s |
Downlink Polarization | Vertical |
(Virtual) Channel | 123 |
(PSI ဂြိုဟ်တုစလောင်းဖြင့် ဖမ်းယူကြည့်ရှုရန်)
၁။ PSI Remote Control က Menu ကို နှိပ်ပါ။
၂။ Input password ဆိုပြီးပေါ်လာရင် Remote Control ကတဆင့် "0000" ဂဏန်းလေးလုံး ရိုက်ထည့်ပါ။
၃။ Installation ကို ရွေးပြီး OK ကို နှိပ်ပါ။
၄။ ပေါ်လာတဲ့ ဂြိုဟ်တုစာရင်းမှာ Thaicom တစ်ခုတည်းကို OK နှိပ်ပြီးရွေးပါ။ (အမှန်ခြစ် ဖြစ်ရပါမယ်)
၅။ Remote Control က Satmail ခလုတ်ကိုနှိပ်ပါ။ Transponder Frequency တွေပေါ်လာပါလိမ့်မယ်။
၆။ TP (Frequency) ထဲက "၁၂၆၈၇" တခုတည်းကို ရွေးပြီး အမှန်ခြစ်ပေးပါ။
၇။ Scan လုပ်ဖို့အတွက် Remote Control က အပြာရောင်ခလုတ်ကို နှိပ်ပါ။
၈။ ပြီးရင် Search ကို ရွေးပြီး OK နှိပ်ပါ။
၉။ ရုပ်သံလိုင်း ၉ လိုင်းနဲ့ ရေဒီယိုလိုင်း ၃ လိုင်းတိုးလာတာ တွေ့ရပါမယ်။
၁၀။ "VOA RFA News" အမည်နဲ့ ရုပ်သံလိုင်းကို ရွေးချယ်ပြီး ကြည့်ရှုနိုင်ပါပြီ။
(EUTELSAT 70B ဆက်သွယ်ရေးဂြိုဟ်တုမှတဆင့် ဖမ်းယူကြည့်ရှုရန်)
EUTELSAT 70B (Asia Beam) | |
Satellite | Eutelsat 70B (70.5 dregee E) |
Downlink Beam | Asia |
Downlink Frequency | 11573.95 MHz |
FEC | 1/2 |
Symbol Rate | 4.142 MSym/s |
Downlink Polarization | Horizontal (H) |
Modulation Type | DVB-S2, QPSK |
Filter Roll-Off Factor | 0.2 |
(Virtual) Channel | Ch. 101 (Burmese Channel) |
RFA ရုပ်သံအစီအစဉ်များ
မနက်ပိုင်းအစီအစဉ် - မနက် ၇ နာရီ ကနေ ၇ နာရီခွဲ၊
ပြန်လည်ထုတ်လွှင့် - (မနက် ၉ နာရီ၊ မနက် ၁၁ နာရီ)
ညပိုင်းအစီအစဉ် - ည ၇ နာရီခွဲ ကနေ ၈ နာရီ၊
ပြန်လည်ထုတ်လွှင့် - (ည ၈ နာရီခွဲ၊ ည ၁၁ နာရီခွဲ)
အပတ်စဉ်အစီအစဉ်များ
RFA စကားဝိုင်း - မနက် ၇ နာရီခွဲ ကနေ ၈ နာရီ (စနေ)
တိုင်းရင်းသားဘာသာ - နေ့လယ် ၁ နာရီကနေ ၁ နာရီခွဲ (တနင်္ဂနွေ)
သိစရာကြည့်စရာ - နေ့လယ် ၃ နာရီခွဲကနေ ၄ နာရီ (တနင်္ဂနွေ)
(မှတ်ချက်။ စနေ၊ တနင်္ဂနွေ အပတ်စဉ်အစီအစဉ်များကို အစီအစဉ်သစ်မလာခင် တစ်နေ့နှစ်ကြိမ် ပြန်လည်ထုတ်လွှင့်ပေးနေပါသည်။)