မြန်မာစာလုံးရယူရန်

လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ အင်တာနက်ဝက်ဘ်ဆိုက်ကို Firefox, Chrome အစရှိတဲ့ browser အသုံးပြုပြီး ဖတ်ရှုမယ်ဆိုရင် Zawgyi-One မြန်မာစာလုံးကို ရယူပြီး မိမိကွန်ပျူတာရဲ့ စာလုံးများ ထားရှိရာနေရာမှာ ထည့်သွင်းရပါမယ်။

လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ အင်တာနက်ဝက်ဘ်ဆိုက်ကို မြန်မာစာလုံး မရှိပဲနဲ့လည်း မိုက်ခရိုဆော့ဖ်ရဲ့ Internet Explorerမှာ ကြည့်နိုင်ပါတယ်။

တခြား အင်တာနက်ဝက်ဘ်ဆိုက် ကြည့်တဲ့  Firefox,  Chrome အစရှိတဲ့ browserများမှာတော့ Zawgyi-One မြန်မာစာလုံးရှိမှသာ ဖတ်ရှုနိုင်ပါလိမ့်မယ်။ ဒါကြောင့်၊ Firefox နဲ့ Chrome အသုံးပြုသူတွေဟာ မြန်မာစာလုံးကို ရယူပြီး မိမိကွန်ပျူတာရဲ့ စာလုံးများ ထားရှိရာနေရာမှာ ထည့်သွင်းရပါမယ်။ Internet Explorer သုံးသူများလည်း မြန်မာစာလုံးကို မိမိရဲ့ ကွန်ပျူတာထဲမှာ ထည့်ထားရင် ပိုပြီး မြန်ဆန် ကောင်းမွန်တာကြောင့် ထည့်ထားဖို့ တိုက်တွန်းပါရစေ။

နောက်ပြီးတော့၊ အရေးကြီးတဲ့အချက်တခုက RFA အင်တာနက်ပေါ်က မြန်မာသတင်းနဲ့ ဆောင်းပါးတွေကို ကူးယူချင်ရင် မြန်မာစာလုံးရှိရပါလိမ့်မယ်။ ကိုယ့်ရဲ့ ကွန်ပျူတာမှာ မြန်မာစာလုံးထည့်မထားရင် မရပါဘူး။ မြန်မာစာလုံးထည့်မထားရင် လေးထောင့်ကွက်လေးတွေကိုပဲ မြင်ရပါလိမ့်မယ်။

မြန်မာစာလုံးထည့်သွင်းရန် လုပ်ဆောင်ပုံအဆင့်ဆင့်

၁။ မြန်မာစာလုံးယူရန်လို့ ဖော်ပြထားတဲ့ နေရာကို နှိပ်လိုက်ပြီး၊ အဲဒီဖိုင်ကို desktop မှာဖြစ်စေ၊ တခြား မှတ်မိလွယ်တဲ့ နေရာမှာဖြစ်စေ၊ သိမ်းထားလိုက်ပါ။ မြန်မာစာလုံးကို ချက်ချင်းလက်ငင်း ထည့်ချင်ရင် RUN ၊ နောင်တချိန်မှ ထည့်ဖို့ရည်ရွယ်ပြီး သိမ်းထားချင်ရင် SAVE ဒါမှမဟုတ် မယူချင်တော့ဘူး ဆိုရင် CANCELကို နှိပ်ပါ။

ဇော်ဂျီ မြန်မာစာလုံးယူရန်

၂။ ပြီးရင် Control Panel ကို ဖွင့်ပြီး၊ Fonts ဖိုလ်ဒါကို ဖွင့်လိုက်ပါ။

၃။ Menu bar ပေါ် Fileကို နှိပ်လိုက်ရင် Add new font ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒါကို နှိပ်ပြီးတော့၊ စောစောက ကိုယ်သိမ်းထားတဲ့ Zawgyi-One font ဖိုင်   ကို install သွင်းယူရပါမယ်။

၄။ ပြီးရင်တော့၊ အင်တာနက်ကိုဖွင့်ပြီး လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ သတင်းနဲ့ စာမျက်နှာတွေကို စိတ်တိုင်းကျ ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org