အမျိုးသမီးကဏ္ဍ

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေက အမျိုးသမီးတွေရဲ့ ဘဝရည်မှန်းချက်တွေ၊ အတွေ့အကြုံတွေကို RFA ဝိုင်းတော်သူ မခင်ခင်အိက အပတ်စဉ်တင်ပြနေပါတယ်။

"ဒရမ်မာဘဝကနေ တော်လှန်ရေးဦးဆောင်သူဖြစ်လာတဲ့ ကယန်းတိုင်းရင်းသူ"

■မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနစ်စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် လူငယ်အများအပြား သူတို့ရဲ့အိပ်မက်တွေ အနာဂတ်တွေကို စွန့်ပြီး တော်လှန်ရေးမှာပါဝင်လာခဲ့ကြပါတယ်။ အဲဒီထဲမှာ နိုင်ငံကျော်အမျိုးသမီးဒရမ်မာတစ်ဦး ဖြစ်ချင်ခဲ့တဲ့ မော်ရီးရီလည်း ပါဝင်ပါတယ်။ သူဟာ လက်ရှိမှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာမှုနဲ့ ပြန်လည်ထူထောင်ရေးဌာနမှာ ဒုဌာနမှုးတာဝန်ထမ်းဆောင်နေပါတယ်။ သူ့ရဲ့ တော်လှန်ရေးမှာပါဝင်လာပုံနဲ့ နိုင်ငံရေးခံယူချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"ငါန်းဇွန်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးရဲ့ဘဝ"

■ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တွေနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးရဲ့ဘဝအကြောင်း ကြားရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိ တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"အန္တရာယ်ကြားက တော်လှန်ရေးအမျိုးသမီးတစ်ဦးရဲ့ပုံရိပ်"

■ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ အညာဒေသက ပြည်သူတွေကို ကူညီပေးနေသူ အညာပစ်တိုင်းထောင်လေးများအဖွဲ့က မဖူးပွင့်ဝေရဲ့ တော်လှန်ရေးလှုပ်ရှားမှုနဲ့ ခံယူချက်တွေ အတွေ့အကြုံတွေကို ကြားရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"မိသားစုကိုစွန့်ပြီး တော်လှန်ရေးကို ဦးဆောင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်"

■ စစ်အာဏာရှင်အမြစ်ပြတ်ရေး ပြည်သူတွေရဲ့နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ရှမ်းပြည်နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချယ်ရီမောင်ရဲ့ တော်လှန်ရေးဖြတ်သန်းမှုနဲ့ အတွေ့အကြုံတွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"သွေးသားရင်းကိုစွန့်လွှတ်ပြီး တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ နိုင်ကျဉ်းမိခင်"

■ စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ဖမ်းဆီးခံခဲ့ရတဲ့သူတွေထဲမှာ နိုင်ကျဉ်းမိခင် သီချင်း နဲ့ သံတိုင်နောက်ကတွဲလက်များ သီချင်းကိုရေးဖွဲ့ခဲ့တဲ့ ကလေးနှစ်ယောက်မိခင် မဇူဇူးမေယွန်းလည်း ပါဝင်ပါတယ်။ သူ့ တော်လှန်ရေးဘဝအကြောင်း RFA အဖွဲ့သူ မခင်ခင်အိ က တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"မတရားမှုကို လက်မခံတဲ့ CDM တရားသူကြီး ဒေါ်သဉ္ဇာမြ"

■ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့နောက် ပေါ်ပေါက်လာတဲ့ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာ အလွှာပေါင်းစုံက ပါဝင်လာခဲ့ကြပါတယ်။ ဒီထဲမှာ တရားရေးဝန်ထမ်းတွေလည်း ပါဝင်ခဲ့တယ်ဆိုပေမယ့် အမှုစီရင်ဆုံးဖြတ်ရတဲ့ တရားသူကြီးတွေ ပါဝင်မှုကတော့ အလွန်နည်းပါးပါတယ်။ CDM မှာ ရှားရှားပါးပါးပါဝင်လာခဲ့တဲ့ တရားသူကြီးတစ်ယောက်အကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"ထိုင်းနယ်စပ်မှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင်အမျိုးသမီးငယ်"

■မြန်မာနိုင်ငံမှာ ပြည်တွင်းပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ပြည်သူ သုံးသန်းကျော်ရှိနေတယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။ ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးပြီး ထိုင်းနယ်စပ်မှာခိုလှုံနေရတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ ဘဝအကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"တော်လှန်ရေးခရီးကြမ်းဆက်လျှောက်လှမ်းနေတဲ့ CDM ဆရာမ"

■မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ရဲ့ဖမ်းဆီးမှုတွေကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ ရွှေ့ပြောင်းကလေးငယ်တွေအတွက် စာသင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကျောင်းအုပ်ဆရာမ ဒေါ်ပန်းအိကိုကိုရဲ့ဘဝဖြတ်သန်းမှုတွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"တော်လှန်ရေးသမားဖြစ်လာတဲ့ ရှေ့နေ မဖူး"

■စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ လေးနှစ်ကာလထဲ ရောက်လာခဲ့ပါပြီ။ စစ်အာဏာရှင်ဖယ်ရှားရေးအတွက် လက်နက်ကိုင်တော်လှန်နေကြတဲ့ လူငယ်တွေကတော့ တောတောင်တွေထဲမှာ သူတို့ရဲ့မြို့ပြဘဝတွေကို စွန့်လွှတ်နေကြပြီး အားအင်အပြည့်နဲ့ ရုန်းကန်နေကြဆဲပါ။ ဒီထဲမှာ ရှေ့နေမလေး ဖူးလည်း ပါဝင်ပါတယ်။ ဖူးရဲ့တော်လှန်ရေးခံယူချက်နဲ့ မျှော်လင့်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"သတင်းမီဒီယာအမျိုးသမီးဦးဆောင်မှုဆုရှင် နန်းဖော့ဂေ"

■ကမ္ဘာ့သတင်းစာများနဲ့ သတင်းစာထုတ်ဝေသူများအဖွဲ့ WAN-IFRA က ပေးအပ်တဲ့ ၂၀၂၄ ခုနှစ် သတင်းမီဒီယာမှာ အမျိုးသမီးဦးဆောင်မှုဆု ကို ကရင်သတင်းဌာန အယ်ဒီတာချုပ် နန်းဖော့ဂေ ချီးမြှင့်ခံခဲ့ရပါတယ်။ နန်းဖော့ဂေရဲ့ သတင်းမီဒီယာလောက ဖြတ်သန်းမှုတွေအကြောင်း RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"လက်ဖြောင့်တပ်သားဖြစ်လာတဲ့ သရုပ်ဆောင် ဟန်နီနွေဦး"

■ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ဆန့်ကျင်ကြတဲ့လူငယ်တွေ လက်နက်ကိုင်တော်လှန်ရေးမှာပါဝင်လာကြပါတယ်။ အဲဒီထဲမှာ သရုပ်ဆောင် ဟန်နီနွေဦးလဲ ပါဝင်ပါတယ်။ သူ့ တော်လှန်ရေးဖြတ်သန်းမှုနဲ့ ခံယူချက်အတွေးအမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"တော်လှန်ရေးကို ယုံကြည်သူ ရဲမေချစ်မြတ်နိုး"

■ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ သုံးနှစ်ကျော်လာခဲ့ပါပြီ။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူငယ်တွေကလည်း ကျရာတာဝန်ထမ်းဆောင်ရင်း တော်လှန်ရေးမှာတစ်တပ်တစ်အားပါဝင်နေဆဲပါ။ ဒီအထဲက တမူးခရိုင်တပ်ရင်းက ရဲမေ ချစ်မြတ်နိုးရဲ့ တော်လှန်ရေးခံယူချက်နဲ့ အတွေ့အကြုံတွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"အလုပ်သမားသမဂ္ဂအခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ မခိုင်ဇာအောင်"

နော်ဝေနိုင်ငံအခြေစိုက် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တစ်ခုက ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ်အတွက် Arthur Svensson’s International Prize ဆုကို မြန်မာ့အလုပ်သမားအရေးလှုပ်ရှားသူ မခိုင်ဇာအောင် ရွေးချယ်ချီးမြှင့်ခံရပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"အမေရိကန်တက္ကသိုလ်တွေမှာ မြန်မာ့အရေးဆွေးနွေးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်"

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် ပြည်ပကိုထွက်ခွာလာခဲ့ရပေမယ့် မိမိတိုင်းပြည်အတွက် ရရာကဏ္ဍကနေ တဖက်တလမ်းက လှုပ်ရှားဆောင်ရွက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


"နိုင်ငံရေးမှာ အမျိုးသမီးတွေ ဦးဆောင်နိုင်ခွင့် ဘယ်လောက်ရနေပြီလဲ"

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တစ်ခဲနက်ပါဝင်လာခဲ့ကြပါတယ်။ အမျိုးသမီးတွေ ဒီလို နိုင်ငံရေးမှာပါဝင်မှု အားကောင်းခဲ့ပေမယ့် အရေးကြီးတဲ့ ဦးဆောင်မှုပိုင်းနဲ့ ဆုံးဖြတ်ခွင့်ချမှတ်ခွင့်တွေမှာတော့ ပါဝင်မှု အတော်လေး ရှားပါးနေသေးတယ်လို့ ထောက်ပြကြပါတယ်။ လူမှုတရားမျှတရေးတက်ကြွလှုပ်ရှားသူ ကချင်တိုင်းရင်းသူ အက်စတာဇေနော်ရဲ့ အမြင်နဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးအခွင့်အရေး အခြေအနေနဲ့ သူတို့ရဲ့အခွင့်အရေးတွေ အပြည့်အဝရရှိအောင် သူတို့တွေရဲ့ စွမ်းရည်တွေ တိုးတက်လာအောင် အသိပညာပေး လှုပ်ရှားမှုတွေအကြောင်း ကြားရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သက်သက်ဦးကို မေးမြန်းပြီး RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


တောင်တန်းဒေသက မီးအိမ်ရှင်လို့ တော်လှန်ရေးအင်အားစုတွေ အမည်ပေးထားတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသူ အဝိုင်းရဲ့ တော်လှန်ရေးဘဝ အတွေ့အကြုံတွေကို ကြားရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


ဗြိတိန်နိုင်ငံ အခြေစိုက် Phan Foundation က နှစ်စဉ်ချီးမြှင့်တဲ့ ၂၀၂၂ အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ် ထိုလွီဝါး ကရင်လူထုအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူးကို ချီးမြှင့်လိုက်ပါတယ်။ ဆရာမ နော်ဟေသီဂျူးရဲ့ လူထုအကျိုးပြုလှုပ်ရှားမှုနဲ့ စိန်ခေါ်မှုတွေအကြောင်း RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်ခဲ့လို့ စစ်တပ်ရဲ့ဖမ်းဆီးမှုကနေ သီသီလေး လွတ်မြောက်လာခဲ့တဲ့ အလယ်တန်းပြဆရာမ ဒေါ်မြတ်မြတ်မော်ရဲ့ တော်လှန်ရေးသမားဘဝ အတွေ့အကြုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာရှင်အမြစ်ပြတ်ရေး နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားနေတဲ့ LGBT သတင်းတင်ဆက်သူ အတာရဲ့ တော်လှန်ရေးခံယူချက်နဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


အညာဒေသ စစ်ကိုင်းတိုင်းအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေမှာ ဦးဆောင်လှုပ်ရှားနေတဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မချောစုဟန်ရဲ့ တော်လှန်ရေးဘဝ ဖြတ်သန်းမှုတွေကို နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာရှင်ရဲ့မတရား ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတဲ့ အလွတ်သတင်းထောက် အလှလေးသူဇာ (ခ) မသူဇာ ရဲ့ စစ်ကြောရေး ငရဲခန်းဖြတ်သန်းခဲ့ရတဲ့ ဘဝအခြေအနေတွေကို ကြားရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာရှင်တော်လှန်ရေး မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ မိခင် ဒေါ်မိုးစန္ဒာကြူရဲ့ နိုင်ငံရေးခံယူချက်နဲ့ ဘဝဖြတ်သန်းမှုတွေကို ကြားရမှာဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲဝင်နေတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းက အမျိုးသမီးကွန်မန်ဒို ရေချယ်ရဲ့ တော်လှန်ရေးဘဝနဲ့ ခံယူချက်တွေကို ကြားရမှာဖြစ်ပါတယ်။ သူဟာ အမျိုးသားတွေတောင် နုတ်ထွက်သွားရတဲ့ ငရဲခန်းစစ်သင်တန်းကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးရဲမေဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်ရေးပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော်သူးလေဒေသက ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ မပြတ်လတ်ရအောင် Food not Bombs Kawthoolei "ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ ကိုယ်စိုက်တာကိုယ်စားစို့" ဆိုတဲ့ လှုပ်ရှားမှုကို ဒေသခံလူငယ်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ အနယ်နယ်အရပ်ရပ်က လူငယ်တွေ ဦးစီးဆောင်ရွက်နေကြပါတယ်။ ဒီလှုပ်ရှားမှုကို စတင်ဦးဆောင်ခဲ့တဲ့ နော်ဇင်းဘာဖောကို RFA အဖွဲ့သူ မခင်ခင်အိက မေးမြန်းတင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်တပ်အာဏာသိမ်းပြီးနောက် အမှန်တရားအတွက် ဘဝကို ဂုဏ်သိက္ခာရှိရှိရပ်တည်လိုတဲ့ ပြည်သူ့ဘက်တော်သား ဗိုလ်ကြီးထက်မြတ်ရဲ့ ပါရမီဖြည့်ဖက်လည်းဖြစ် CDM ဝန်ထမ်းမိသားစုတွေ ဘဝရပ်တည်ရေးအတွက် ပံ့ပိုးကူညီရေး ဦးစီးလုပ်ဆောင်နေသူတစ်ဦးဖြစ်တဲ့ မစုသစ္စာဇော်ရဲ့ လှုပ်ရှားမှုတွေကို နားဆင်ရမှာဖြစ်ပါတယ်။ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာရှင်တော်လှန်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ပြီး လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနလက်အောက်ကနေ ကလေးတွေရဲ့ ပညာရေး ပံ့ပိုးနေတဲ့ နည်းပညာနဲ့ သက်မွေးပညာဦးစီးဌာနက ကထိက ဆရာမတစ်ဦးရဲ့ ဘဝဖြတ်သန်းမှုအကြောင်း မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်ခဲ့လို့ ဝရမ်းထုတ်ခံရပြီး ဖမ်းဆီးခံရမယ့်အန္တရာယ်ကြောင့် ထိုင်းနိုင်ငံကိုထွက်ပြေးလာခဲ့ရတဲ့ ဧရာဝတီတိုင်းက အမျိုးသမီးငယ်တစ်ဦးရဲ့ အိမ်ပြန်ရမယ့်နေ့ မျှော်လင့်ချက်တွေကို နားဆင်ရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ဖမ်းဝရမ်းထုတ်ခံရပြီး နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပဲခူးတိုင်းက ကိုယ်ပိုင်ပညာသင်ကျောင်း ဆရာမဒေါ်ဝေဝေက မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ နီးကပ်လာနေပြီလို့ ပြောပါတယ်။ ဆရာမဒေါ်ဝေဝေရဲ့ နိုင်ငံရေးခံယူချက်နဲ့ ဘဝဖြတ်သန်းမှုတွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ ရက်တာ လှုပ်ရှားမှုကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်က မြန်မာနိုင်ငံသားဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ကျင်းပခဲ့ကြပါတယ်။ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု နောက်ဆက်တွဲ ဖိအားတွေကြောင့် ပြင်သစ်နိုင်ငံကို ထွက်ခွာလာခဲ့ရတဲ့ ပန်းချီဆရာမ ခြူးဝေငြိမ်း ရဲ့ အနုပညာခရီးလမ်းအကြောင်း နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေကို ဝေဟင်ကနေ ဒရုန်းနဲ့တိုက်ခိုက်နေတဲ့ မြောင်တိုက်ဂါး အမျိုးသမီးဒရုန်းတပ်ဖွဲ့ Myaung Tiger Women Drone Force ခေါင်းဆောင် ကျားခင်စိန်ရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ ခံယူချက်တွေကို နားဆင်ရမှာပါ။RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


ကျောင်းသားတပ်မတော် ABSDF (မြောက်ပိုင်း) တပ်ဖွဲ့ဝင် ဖက်ဒရယ်တက္ကသိုလ် ကျောင်းဆင်း ဥပဒေပညာရှင် နန်းအယ်လင်းရဲ့ တော်လှန်ရေးခံယူချက်နဲ့ အတွေ့အကြုံ တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာရှင်လက်အောက် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းဒဏ် ဆိုးဆိုးဝါးဝါးခံနေရတဲ့ မြန်မာအမျိုးသမီးတချို့ရဲ့ ခံစားချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ က တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ သားဖြစ်သူရဲ့ ပြင်းပြတဲ့ နိုင်ငံရေးခံယူချက်တွေအကြောင်း မိခင်တစ်ဦးရဲ့ ရင်ဖွင့်သံတွေကို နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ က တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


အာဏာသိမ်းစစ်ကောင်စီက နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်သူတွေကို မတရား ဖမ်းဆီးသေဒဏ်ချမှတ်ထားတဲ့အထဲ အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုဂျင်မီ ကိုဖြိုးဇေယျာသော်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်လိုက်တဲ့နောက် ကျန်နေတဲ့ သေဒဏ်ကျခံနေရသူတွေ အတွက်လည်း စိုးရိမ်မှုတွေရှိလာနေပါတယ်။ အမျိုးသမီးအရေးလှုပ်ရှားသူတွေကတော့ ဥပဒေချိုးဖောက်တဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူဖို့ လိုအပ်နေပြီလို့ ပြောဆိုကြ ပါတယ်။ မခင်ခင်အိ က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ ဦးဆောင်ပါဝင်လို့ စစ်တပ်ကဖမ်းဆီးတဲ့ကြားက ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့ပြီး လွတ်မြောက်နယ်မြေမှာ တော်လှန်ရေးအတွက် ဆက်လက်လှုပ်ရှားနေတဲ့ ထားဝယ်မြို့က ဥပဒေကျောင်းသူ မသီရိမိုးရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


လူပွဲစားရဲ့ ရောင်းစားခံခဲ့ရပြီး တရုတ်အမျိုးသားနဲ့ လက်ထပ်ခဲ့ရတဲ့ ဧရာဝတီတိုင်းက အမျိုးသမီးငယ်တစ်ဦးရဲ့ အိမ်ပြန်ခွင့်ရပြီး ပြန်ဖို့ခက်ခဲနေတဲ့ ဘဝအခြေအနေတွေအကြောင်း နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေ စုစည်းပြီး နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ဟာ ၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် သြဂုတ်လ ၂၈ ရက်နေ့မှာ စတင်ခဲ့တဲ့ နှင်းဆီရောင်အမျိုးသမီးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြသူတွေ ဦးဆောင်ပြီး ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက် နဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ရပ်နားခံလိုက်ရတဲ့ သတင်းထောက်အမျိုးသမီးတစ်ဦးရဲ့ ဘဝဖြတ်သန်းမှုတွေကို RFA အဖွဲ့သူ မခင်ခင်အိ က တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး စီးပွားရေးအကျပ်အတည်းတွေကို ပြည်သူတွေ ခံစားနေရပြီး အမျိုးသမီးတွေက ဒီအခက်အခဲတွေကို ပိုပြီး ရင်ဆိုင်ကြုံတွေ့ရတဲ့အပြင် ဘဝမလုံခြုံမှုတွေကိုလဲ ခံစားနေရပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


မိသားစုဘဝရပ်တည်ရေး ရိုးရိုးသားသား တောင်ယာအလုပ်လုပ်ကိုင်နေတဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်တွေက ပစ်ခတ် သတ်ဖြတ်သွားတဲ့နောက် စစ်အာဏာရှင်အမြစ်ပြုတ်ရေးမှာ ပူးပေါင်းပါဝင်သွားခဲ့တဲ့ ကလေးမြို့က အမည်ပြောင်းထားတဲ့ မစုစုအေးရဲ့ ဘဝအကြောင်း ကြားရမှာ ဖြစ်ပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်တပ်ကို စွန့်ခွာလာခဲ့တဲ့ ရန်ကုန်တိုင်း၊ စစ်ဌာနချုပ်က အမျိုးသမီးတပ်ကြပ်ကြီး မယဉ်လဲ့လဲ့ထွန်း ရဲ့ CDM မှာ ပူးပေါင်းပါဝင်လာခဲ့ရတဲ့ အကြောင်းရင်းနဲ့ လွတ်မြောက်နယ်မြေရောက်အတွေ့အကြုံတွေကို မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ရင်း စစ်တပ်က အကြမ်းဖက်ဖြိုခွဲဖမ်းဆီးမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကရင်နီတိုင်းရင်းသူ မခိတ်ဇူးဇူးရဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် မျှော်လင့်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ၂၀၂၂ ခုနှစ်အတွက် မျှော်လင့်ချက်တွေကို နားဆင်ရမှာပါ။ NUG အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီး နော်ဆူဇန်နာလှလှစိုး၊ မြန်မာအမျိုးသမီးများ သမဂ္ဂ BWU ဥက္ကဋ္ဌ ဒေါ်တင်တင်ညို၊ သရုပ်ဆောင် မြနှင်းရည်လွင်၊ မန္တလေးအမျိုးသမီးသပိတ်ခေါင်းဆောင် မအေးမြင့်အောင်အောင် တို့ရဲ့ စကားသံတွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ နည်းမျိုးစုံနဲ့ လှုပ်ရှားပါဝင်နေကြသူတွေ ထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကလည်း တစ်နေ့တခြား ပိုမိုမြင့်မားလာနေတာကို တွေ့မြင်နေရပါတယ်။ ဂျာမဏီနိုင်ငံမှာ နိုင်ငံရေးသိပ္ပံ နဲ့ လူမှုဗေဒပညာရပ်ကို လေ့လာသင်ကြားနေသလို German Solidarity with Myanmar Democracy အဖွဲ့ကို တည်ထောင်သူ တစ်ဦးဖြစ်တဲ့ မငြိမ်းချမ်းမေ ရဲ့ မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက်မှုတွေကို RFA အဖွဲ့သူ မခင်ခင်အိ က တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်လာတဲ့ အစိုးရဝန်ထမ်း ၄ သိန်း ၁ သောင်းကျော်ရှိတယ်လို့ NUG အစိုးရက ကြေညာထားပါတယ်။ ဒီ CDM ဝန်ထမ်းတွေဟာ အခက်အခဲတွေ ကြုံရတာတွေရှိပေမယ့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် သူတို့ရဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေကြပါတယ်။ ဒီထဲက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က CDM အလယ်တန်းပြ ဆရာမ တစ်ဦးရဲ့ နွေဦးတော်လှန်ရေး ယုံကြည်ချက်နဲ့ လက်ရှိဘဝဖြတ်သန်းမှုတွေကို RFA အဖွဲ့သူ မခင်ခင်အိ မေးမြန်းတင်ပြထားတာ နားဆင်ပါ။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် ပြည်သူတွေရဲ့ တည်ငြိမ်နေတဲ့ဘဝတွေ ထိခိုက်ပျက်စီးမှု တွေ ရှိလာခဲ့တဲ့အထဲမှာ အမျိုးသမီးနဲ့ ကလေးတွေအပေါ် သက်ရောက်မှုက အပြင်းထန်ဆုံးဖြစ်နေပါတယ်။ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း အမျိုးသမီးတွေရဲ့ အခွင့်အရေးဆိုင်ရာတွေ ဆုံးရှုံးမှုများစွာရှိလာခဲ့တယ် လို့ အမျိုးသမီးရေးလှုပ်ရှားသူတွေကလည်း ဝေဖန်ထောက်ပြကြပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ တင်ပြ ထားပါတယ်။

အသံဖိုင်နားဆင်ရန် နှင့် ရယူရန်


စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့ပြီး စစ်တပ်သတင်းပေးကြောင့် နှစ်နှစ်ခွဲအရွယ် ကလေးငယ်နဲ့အတူ လွတ်မြောက်နယ်မြေတခုကို ထွက်ပြေးခဲ့ရတဲ့ ထားဝယ်မြို့က အမျိုးသမီးအရေး လှုပ်ရှားသူတဦးအကြောင်း RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ်ရဲစခန်းက ရဲမေ မဇာဇာငြိမ်းဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်ပြီး အလုပ်မလုပ်ချင်တာကြောင့် မတ်လ ၃၁ ရက်နေ့မှာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု Civil Disobedient Movement (CDM) မှာ ပါဝင်လာခဲ့ပါတယ်။

မဇာဇာငြိမ်းရဲ့ ရပ်တည်ချက်၊ ခံယူချက်နဲ့ အတွေးအမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ သင်္ဃန်းကျွန်းသပိတ်က ကိုချစ်ကိုကိုဖြိုးရဲ့ ဇနီးဖြစ်သူ မမေနှင်းဦးရဲ့ ရင်ဖွင့်သံတွေကို တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု Civil Disobedient Movement ကို မြန်မာနိုင်ငံတဝှမ်းလုံးမှာ ဆင်နွှဲနေကြပါပြီ။ ဒီလှုပ်ရှားမှုမှာ အမျိုးသမီးတွေလည်း ရှေ့တန်းက ပါဝင်လာကြပါပြီ။ နိုင်ငံရေးသိပ္ပံကျောင်းသူ မလှမိုးတာရာလှိုင် ရဲ့ ဒီလှုပ်ရှားမှုအပေါ် အတွေးအမြင်တွေကို တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... Smile Education Training Institute တည်ထောင်သူ ဒေါ်မေပုလဲသွယ် ရဲ့ မြန်မာပြည်ရဲ့ ပညာရေးကဏ္ဍ တိုးတက်ရေး အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေတဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ ( Burmese Women’s Union ) အဖွဲ့ ၂၆ နှစ်တာကာလ လှုပ်ရှားဆောင်ရွက်မှုတွေ၊ စိန်ခေါ်မှု အခက်အခဲတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတွေ အကြောင်း တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


 

ဒီတပတ်မှာ ... Covid 19 ရောဂါ ကူးစက်ခံနေရတဲ့ လူနာတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ တဖက်တလမ်းက ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း အမျိုးသမီးတဦးရဲ့ လုပ်အားပေး အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ် ၁၆ ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံဒေသအသီးသီးမှာ အမျိုးသမီးအဖွဲ့တွေက ဦးဆောင်လှုပ်ရှားနေကြပါတယ်။ ဒီအစီအစဉ်မှာ မကွေးတိုင်းအတွင်း ကျေးလက်မြေအမျိုးသမီးအဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းထွေးမှုံရဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေကို တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတဦးရဲ့ အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... မြန်မာနိုင်ငံမှာ ရင်ခွင်မဲ့ကလေးတွေလျော့နည်းသွားရေး နဲ့ ဒီကလေးတွေကို ကာကွယ်စောင့်ရှောက်ရေး အသင်း ရဲ့ ဆောင်ရွက်ချက်တွေ၊ အတွေ့အကြုံတွေနဲ့ စိန်ခေါ်မှုတွေကို တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု သံသယနဲ့ သီးခြားစောင့်ကြည့်ရေး quarantine စခန်းတွေမှာ နေနေရသူတွေကို စိတ်ပိုင်းဆိုင်ရာကူညီအားပေးနေတဲ့ “ ပြည်သူများသို့ ချစ်ခွင့်ပန် အာဟာရမျှဝေခြင်း” အစီအစဉ်အကြောင်း ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ မခိုင်ခိုင်ယုရဲ့ ပြောပြချက်တွေကို တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ တောင်ကိုးရီးယားနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာအဆိုပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ ချင်းတိုင်းရင်းသူ မ ဂျနဗီရဲ့ အနုပညာခရီးလမ်းနဲ့ ကြိုးစားရုန်းကန်မှုတွေ စိန်ခေါ်မှုတွေအကြောင်း တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... ကယားပြည်နယ်ရဲ့ ပညာရေးနဲ့ နယ်စပ်ကုန်သွယ်ရေးကို တိုးတက်အောင်ဆောင်ရွက်လိုတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း နန်းမြဦး ရဲ့ ရည်မှန်းချက်တွေအကြောင်း တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... ကိုရီးယားနိုင်ငံမှာ ပညာရေး စီးပွားရေး ထူးထူးချွန်ချွန်အောင်မြင်မှုရနေတဲ့ မဝင်းအိဖြူ အကြောင်း တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... အသက် ၁၄ နှစ်အရွယ်မှာ တရုတ်ပြည်ကို လူကုန်ကူးခံရပြီး တရုတ်အမျိုးသားထံ အတင်းအဓမ္မ ရောင်းစားခံခဲ့ရတဲ့ မြန်မာမိန်းကလေးတဦးရဲ့ ဘဝအကြောင်း တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတွေမှာ ပါဝင်လှုပ်ရှားရင်း အကျဉ်းကျခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ဘဝ ပြန်လည်နာလန်ထူနိုင်ရေး ဆောင်ရွက်နေတဲ့ ဝိမုတ္တိအမျိုးသမီးအဖွဲ့ရဲ့ လှုပ်ရှားမှုတွေအကြောင်း တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ...ဂျော်ဒန်နိုင်ငံမှာ အလုပ်လက်မဲ့ဖြစ်နေပြီး မြန်မာနိုင်ငံမပြန်နိုင်သေးတဲ့ မြန်မာအမျိုးသမီးတဦးရဲ့ အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မတီက မိုင်နန်းဝေ ပြောပြတဲ့ ပလက်ဝဒေသက ချင်းစစ်ဘေးဒုက္ခသည်တွေရဲ့ဘဝ အခက်အခဲတွေအကြောင်း တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ... နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်တွင်းဖြစ် ချည်ထည်နှာခေါင်းစည်း Mask ပြိုင်ပွဲမှာ ပြည်သူ့အကျိုးပြုဆု ရရှိခဲ့တဲ့ ဝမ်းတွင်းမြို့က ဒေါ်ကြည်ကြည်ဝင်းရဲ့ စိတ်ကူးစိတ်သန်းနဲ့ ပြိုင်ပွဲဝင် အတွေ့အကြုံ တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…အပူပိုင်းဒေသတွေမှာ အဖြစ်များဆုံး မျက်စိအတွင်းတိမ်ရောဂါကို နယ်လှည့်အခမဲ့ကုသပေးနေတဲ့ ရန်ကုန်အနောက်ပိုင်းဆေးရုံက မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာနီလာသိန်းရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…အမျိုးသမီးတွေကို စိတ်ခွန်အားဖြစ်စေမယ့် အတွေးအမြင်တွေကို “ သူမ ” ဆိုတဲ့ ဘလော့ဂ်စာမျက်နှာကနေ ဝေမျှနေတဲ့ မရွှေစုလှိုင်ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားလာနေပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ၊ ကူးစက်မှုမရှိရေး တပိုင်တနိုင်ဆောင်ရွက်မှုတွေအကြောင်း အမျိုးသမီးတချို့ရဲ့ ရင်ဖွင့်ပြောစကားတွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…ရှမ်းပြည်မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလှုပ်ရှားမှုတွေကို လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး လုပ်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုမှာပါဝင်တဲ့ မရီဆွေရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…သြစတေးလျနိုင်ငံက Miss World Australia National အလှမယ်ပြိုင်ပွဲမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်အထိ တက်လှမ်းအောင်မြင်နေတဲ့ မပန်းစန္ဒာမြင့်ရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…မြန်မာပြည်မှာ အဆင်မပြေတဲ့ဘဝကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် နယ်စပ်ထွက်အလုပ်လုပ်ရင်း တရုတ်နိုင်ငံသားရဲ့ ဇနီးမယားအဖြစ် မိမိကိုယ်တိုင်ရောင်းစားခံခဲ့တဲ့ မန္တလေးက မြန်မာအမျိုးသမီးတဦးအကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးရဲ့ အသက် ၃၀ အောက် စွန့်ဦးတီထွင် ပညာရှင်လူငယ်များ စာရင်းမှာ ဖော်ပြခံရသူ ချိတ်ဆက်ကွန်ရက်ရဲ့ CEO မဟန်နီမြဝင်း ရဲ့ နည်းပညာနယ်ပယ်က အတွေ့အကြုံတွေ၊ စိန်ခေါ်မှုတွေနဲ့ အောင်မြင်မှုတွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…အမျိုးသမီးတွေကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ လက်နက်မဲ့တိုက်ခိုက်နည်းတွေ သင်ကြားပေးနေတဲ့ မခင်ချမ်းမြေ့သူအကြောင်း နားဆင်ရမှာပါ။ မခင်ချမ်းမြေ့သူဟာ အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ်ရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်သလို လက်ရှိမှာလည်း အားကစားအခြေခံတဲ့ ဆေးကုသနည်းတွေကို သင်ကြားပေးနေသူတစ်ဦး ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…ပညာရေးဝန်ကြီးဌာနက ၂၀၁၉ - ၂၀၂၀ စာသင်နှစ်ကစပြီး နွေကျောင်းပိတ်ရက်ကို တစ်လ လျှော့ချလိုက်တဲ့အပေါ် မြောင်းမြက အထက်တန်းပြဆရာမတစ်ဦးရဲ့ ရင်ဖွင့်သံကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…ရှမ်းပြည်နယ်အတွင်းက အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေအရေး ဆောင်ရွက်နေတဲ့ တအာန်းအမျိုးသမီးအဖွဲ့အစည်း TWO ရဲ့ အနှစ် ၂၀ ကာလ လှုပ်ရှားဆောင်ရွက်မှုတွေအကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…ဓလေ့ထုံးတမ်းအရ ခွဲခြားမှုပြင်းထန်လွန်းတဲ့ ကူကီးအမျိုးသမီးတွေအရေးအတွက် ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ စိန်ခေါ်မှုတွေအကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…၂၀၂၀ နှစ်သစ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေအပေါ် အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ Action Labor Rights အဖွဲ့ရဲ့ စည်းရုံးရေးမှူး မမိုးစန္ဒာမြင့် ရဲ့ အလုပ်သမားအရေး လှုပ်ရှားမှုအတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ဘဝ တိုးတက်မြင့်မားရေးအတွက် လိုအပ်ချက်အကြောင်းတွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ဘဝ အဆင့်အတန်း တိုးတက်မြင့်မားစေဖို့ ရည်ရွယ်ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကို ဖွဲ့စည်းတည်ထောင်လာခဲ့တာ နှစ် ၂၀ ပြည့်မြောက်ခဲ့ပါပြီ၊ အဖွဲ့ရဲ့ နှစ် ၂၀ ကာလ ဆောင်ရွက်ချက်တွေ၊ စိန်ခေါ်မှုတွေနဲ့ အောင်မြင်မှုတွေအကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…သဘာဝခေါင်းလျော်ရည်နဲ့ ဆပ်ပြာခဲလေးတွေကို ထုတ်လုပ်သူ မသီရိမေ ပြောပြတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေပါဝင်လာမှုနဲ့ စိန်ခေါ်မှုတွေအကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…မြန်မာနိုင်ငံက အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုအခြေအနေနဲ့ သူတို့ကို အကာအကွယ်ပေးရေးတွေက လိုအပ်ချက်တွေအကြောင်း အမျိုးသမီးရေးလှုပ်ရှားသူ Triangle Women Support အဖွဲ့ရဲ့ ဒါရိုက်တာ မခင်လေး ပြောပြထားတာ နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…မြေယာအမှုတွေမှာ အာဏာပိုင်တွေနဲ့ ငွေကြေးရှိသူတွေပူးပေါင်းပြီး မသမာမှုတွေလုပ်ခဲ့လို့ ဒုက္ခရောက်ရတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးမှု အခြေအနေအကြောင်း မိုးကုတ်မြို့က မတရား မြေသိမ်းခံရတဲ့ မအေးစိုးလွင် ပြောပြထားတာ နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ယူနက်စကိုကပေးတဲ့ ကမ္ဘာ့အမြင့်ဆုံး တီထွင်ဆန်းသစ်ဆုရှင် မလှလှဝင်း အကြောင်း နားဆင်ရမှာပါ။ ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေကိုသာ မှီခိုနေမယ့်အစား ကိုယ်တိုင်လေ့လာသင်ယူနိုင်ဖို့ ပုံရိပ်ယောင်နည်းပညာ အသုံးပြုထားတဲ့ 360 ed သင်ထောက်ကူဓါတ်သင်ပုန်းကို တီထွင်သူတစ်ဦးဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ရာသီဥတုကပ်ဘေးတိုက်ဖျက်ရေး လှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေတဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က မြန်မာအမျိုးသမီးငယ် မသက်စုတင်ရဲ့ လှုပ်ရှားမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အပေါ်အမြင်တွေကို နားဆင်ရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… သဘာဝသီးနှံတွေကနေ ခန္ဓာကိုယ်တွင်းက အဆိပ်တွေ ပြေစေနိုင်တဲ့ Detox Water နဲ့ Au Fait သဘာဝခေါင်းလျှော်ရည် ထုတ်လုပ်သူ မအိနိုရဲ့ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းက အခက်အခဲတွေအကြောင်း RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုတွေရှိနေပြီး အထူးသဖြင့် နိုင်ငံရေးမှာ တိုင်းရင်းသားအမျိုးသမီးတွေ ခွဲခြားဆက်ဆံခံနေရတယ်လို့ ရခိုင်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။ ဒေါ်ထုမေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ဆက်ထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟွေအစ်ကျေးရွာက မူကြိုကျောင်းဆရာမ လွေအီလာပြောပြတဲ့ တိုက်ပွဲတွေကြားက ကျောင်းသားကလေးငယ်တွေနဲ့ ပညာရေးအခြေအနေအကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်ဖွဲ့တို့ရဲ့တိုက်ပွဲတွေကြားက စစ်ဘေးရှောင်ပြည်သူတဦးရဲ့ ခံစားချက်တွေနဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… တရုတ်နိုင်ငံမှာ ရောင်းစားခံနေရတဲ့ မြန်မာအမျိုးသမီးတွေကို ကူညီကယ်ဆယ်ပေးနေသူ မထိုက်ထိုက် အကြောင်း နားဆင်ရမှာပါ။ မထိုက်ထိုက်ဟာ ကိုယ်တိုင်လည်း ၁၃ နှစ်အရွယ်မှာ တရုတ်ပြည်ကို လူကုန်ကူးခံခဲ့ရသူ ဖြစ်ပါတယ်။

 

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ကချင်ပြည်နယ် မိုးညှင်းမြို့က တောင်သူလယ်သမားအရေးဆောင်ရွက်နေတဲ့ ဒေါ်မိုးမိုးလှိုင် အကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… မြန်မာနိုင်ငံမှာ မုဒိမ်းမှုတေ ွတနှစ်ထက်တနှစ်တိုးလာတာနဲ့အမျှ သက်ငယ်မုဒိမ်းမှုတွေလည်း ပိုတိုးများလာနေပါတယ်။ အဲဒီထဲမှာ အသက် နှစ်နှစ်ကနေ ငါးနှစ်ကြား ကလေးတွေအပေါ် ကျူးလွန်မှုတွေကိုလည်း တွေ့လာရပါတယ်။ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ တိုးလာနေတဲ့အပေါ် မိခင်တွေနဲ့ အမျိုးသမီးအရေးလှုပ်ရှားသူတွေရဲ့ အမြင်တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… မြန်မာဖက်ရှင်ဒီဇိုင်နာအဖွဲ့ FDEA ကို စတင်တည်ထောင်သူလဲဖြစ် လူငယ်တွေအတွက် ဖက်ရှင်ဒီဇိုင်းတွေနဲ့ ရုပ်ရှင်ကားတွေအတွက် ဝတ်စုံဒီဇိုင်းဖန်တီးသူလဲဖြစ်တဲ့ မသွင်စုထွေး ရဲ့ မြန်မာဖက်ရှင်လောကအပေါ် အမြင်တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ၊ ဆင်းရဲနွမ်းပါးသူတွေရဲ့နစ်နာမှုတွေကို ကူညီပေးရင်း တရားပြန်လည်စွဲဆိုခံနေရတဲ့ တကိုယ်တော်အမျိုးသမီးရေးလှုပ်ရှားသူ မဝါဝါဝင်းအကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ကာကွယ်လုပ်ဆောင်သင့်တာတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပညာပေးအဖွဲ့တခုဖြစ်တဲ့ Strong Flowers Sexuality Education Service အဖွဲ့က ဒေါက်တာသက်စုထွေး ပြောပြထားတာတွေ နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ကျန်းမာရေးပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ ရွှေကြာလူမှုကူညီရေးအဖွဲ့ကို ဦးဆောင်သူ မရွှေကြာရဲ့ ပရဟိတဆောင်ရွက်ချက်တွေနဲ့ မြန်မာပြည်သူတွေရဲ့ လူမှုဘဝအခြေအနေတွေအပေါ် အမြင်တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… တရုတ်ပြည်ကို လူကုန်ကူးခံရပြီး တရုတ်အမျိုးသားနဲ့ လက်ထပ်ခဲ့ရတဲ့ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်က မသက်ထားခင်ရဲ့ နေရပ်မြန်မာပြည် ပြန်နိုင်ရေး မျှော်လင့်ချက်တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ပဋိပက္ခဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က အမျိုးသမီးတွေရဲ့ဘဝ လုံခြုံမှုမရှိဖြစ်နေတဲ့ အခြေအနေနဲ့ သူတို့ရဲ့ဘဝ တိုးတက်မြင့်မားရေးတွေအတွက် ကချင်အမျိုးသမီးအစည်းအရုံးတာဝန်ခံ မဆွတ်ဆိုင်းထွယ်ရဲ့ မျှော်လင့်ချက်တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… အောက်ခြေအဆင့် အထည်ချုပ်စက်ရုံအလုပ်သမလေးဘဝကနေ စက်ရုံပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့တဲ့ လှယဉ်မိုးကုမ္ပဏီလီမိတက်ရဲ့ အမှုဆောင်ဒါရိုက်တာ မယဉ်ယဉ်မိုး အကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ၂ဝ၁၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် ဆရာမဒေါ်အိအိငြိမ်းရဲ့ စေတနာ့ဝန်ထမ်းဘဝအကြောင်းတွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်တွေန့ဲ မိဘမဲ့ကလေးငယ် ၈ဝ ကျော်ကို ကူညီစောင့်ရှောက်ပေးနေတဲ့ မရှင်ငြိမ်းမယ်အကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးမယ်မီးလေးရဲ့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲက အမျိုးသမီးတွေပါဝင်မှု အခန်းကဏ္ဍအပေါ် အတွေးအမြင်တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ကလေးသူငယ်နဲ့ အမျိုးသမီးအရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ပရဟိတတွေ လုပ်ဆောင်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေအကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ကအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ ရခိုင်အမျိုးသမီးကွန်ရက်ရဲ့ လှုပ်ရှားမှုတွေအကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Sarasas Wiated International School က အထက်တန်းပြသင်္ချာဆရာမ မစန္ဒာရဲ့ ထိုင်းပညာရေးစနစ် အတွေ့အကြုံတွေနဲ့ မြန်မာပညာရေးစနစ်အပေါ် အမြင်တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… တက္ကသိုလ် ဒီဂရီကောလိပ်ပေါင်းစုံ မြန်မာစကားပြောစွမ်းရည်ပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ အဓိပတိအသင်းက မဟာဝိဇ္ဇာပထမနှစ်ကျောင်းသူ မကြာညိုသင်းရဲ့ ပြိုင်ပွဲအတွေ့အကြုံတွေနဲ့ ပညာရေးအပေါ် ကျောင်းသူကျောင်းသားတွေရဲ့ အတွေးအမြင်တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…တောင်ကိုးရီးယားနိုင်ငံက မှုခင်းစာရေးဆရာမ မရွှေမိုးရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…မြန်မာပြည်က အခြေခံပညာကျောင်းဆရာ ဆရာမတွေ လက်ရှိကြုံနေရတဲ့ အခက်အခဲတွေနဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုအပေါ် ရန်ကုန်ကဆရာမတဦးရဲ့ အမြင်တွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူ မနီနီအောင် အကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…အသက် ၁၈ နှစ်အရွယ်မှာ တရုတ်ပြည်ကိုလူကုန်ကူးခံရပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရတဲ့ မန္တလေးက မစိုးလေးရဲ့ ဘဝအတွေ့အကြုံတွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ပုလဲအထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင် မဝါဝါခိုင်အကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေအတွင်း မိခင်ရော သမီးငယ်ပါ ဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့နယ် မန်ပြိန်းကျေးရွာက စစ်ဘေးရှောင် အမျိုးသမီးတဦးရဲ့ ဘဝအကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့…၂ဝ၁၉ ခုနှစ်အတွက် အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်တွေအကြောင်း နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… အရှေ့အလယ်ပိုင်းဒေသ အိုမန်နိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်ရင်း အိမ်ရှင်ရဲ့ နှိပ်စက်မှုကြောင့် ထွက်ပြေးလာခဲ့ပြီး မြန်မာပြည်ကို အရောက်ပြန်လာခဲ့တဲ့ မန္တလေးက အမျိုးသမီးငယ်တဦးရဲ့ ဘဝအကြောင်း နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေပါဝင်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေရဲ့အခန်းကဏ္ဍအကြောင်း နားဆင်ရမှာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့… အမျိုးသမီးရှေ့နေတဦးရဲ့ အတွေ့အကြုံတွေနဲ့၊ ကျား-မ ခွဲခြားမှုအပေါ်အမြင်တွေကို နားဆင်ရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်မှာ..ခုခံအားကျဆင်းမှုရောဂါ HIV/AIDS ရောဂါရှင် မဇင်ရဲ့ ဘဝအကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်မှာ… Happy Home Made ဆပ်ပြာထုတ်လုပ်သူ မယဉ်မင်းအေးရဲ့ အတွေ့အကြုံတွေနဲ့၊ စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ဦးစီးဦးဆောင်လာတဲ့အပေါ် အမြင်တွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်မှာ..အမျိုးသမီးတွေ လက်ရှိကြုံနေရတဲ့ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းအန္တရာယ်အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်မှာ..တောင်ကိုရီးယားနိုင်ငံပိုင် MBC ရုပ်သံမှာ သရုပ်ဆောင်အဖြစ်ပါဝင်ရင်း ကိုရီးယားပရိသတ်တွေအကြား ပြောစမှတ်ပြုလောက်အောင် ထင်ရှားလာတဲ့ လှယမင်းအိမ်အကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်မှာ.. မြစ်ကြီးနားမြို့ ဂျမိုင်ကောင်းဒုက္ခသည်စခန်းက မဇေညွယ်ပြောပြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တဦးရဲ့ ဘဝ အခက်အခဲတွေအကြောင်း တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


အခုတပတ်မှာ..အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ ဘဝအတွေ့အကြုံတွေကို နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org