မြန်မာပြည်က ကလေးများ

ခက်မာ
2023.07.01


စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ကျောင်းပြင်ပရောက်သွားတဲ့ကျောင်းသား ၇.၈ သန်းရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်တဲ့ Save the Children က ၂၀၂၂ ခုနှစ် ဇွန်လမှာ ထုတ်ပြန်ခဲ့ပါတယ်။ ကိုယ်တိုင်ရဲ့ ပညာရေးရှေ့ဆက်ဖို့မျှော်လင့်ချက် မှိန်ဝါးသွားရပေမဲ့ ပညာသင်ခွင့်ဆုံးရှုံးသွားတဲ့ မူလတန်းအရွယ်ကလေးတွေအတွက် တတ်နိုင်သမျှကူညီနေတဲ့ စစ်ကိုင်းတိုင်းအတွင်းက လူငယ်လေးတစ်ယောက် အကြောင်း မခက်မာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


စစ်အစိုးရအဆက်ဆက်လက်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေဟာ ပြည်ပမှာ အခြေချနေထိုင်တဲ့ မြန်မာမိသားစုတွေထဲက ဒုတိယမျိုးဆက်ကလေးတွေရဲ့ ဘဝထဲအထိ ရိုက်ခတ်လာပါတယ်။ အဲဒီကလေးတွေဟာ မြန်မာ့အရေးအတွက် အမေရိကန်ပြည်နယ်လွှတ်တော်တော်တွေအထိ သွားရောက်ပြောဆို ဆွေးနွေးလာကြပါတယ်။ အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ်မြို့က အသက် ၁၅ နှစ်အရွယ် မခိုင်သံစဥ်ဘွားလည်း ပါဝင်ပါတယ်။ မခက်မာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ဇွန်လအထိ ကလေးငယ်ပေါင်း ၃၈၀ ကျော်သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် က ထုတ်ပြန်ခဲ့ပါတယ်။ အခု ၂၀၂၃ ခုနှစ်အတွင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ နည်းပေါင်းစုံနဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရသူကလေးအရေအတွက် ပိုများလာပါတယ်။ မခက်မာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


လူဦးရေ နှစ်သိန်းဝန်းကျင်ရှိတဲ့ မြန်မာနိုင်ငံအရှေ့ခြမ်း မိုးကုတ်မြို့က ကျောင်းသားလူငယ်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ တရုတ်ကျောင်းတွေကိုပဲ ဦးစားပေးတက်နေကြပါတယ်။ တရုတ်နိုင်ငံရဲ့ရင်းနှံမြုပ်နှံမှုတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းရနိုင်ခြေများလို့ တရုတ်ဘာသာစကား သင်ယူနေကြတာပေမဲ့ မိခင်ဘာသာစကားကို မတတ်တော့မယ့် စိုးရိမ်ဖွယ်ရာလည်း ရှိနေပါတယ်။ မခက်မာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


ပြည်တွင်းစစ်နဲ့ ဆင်းရဲနွမ်းပါးမှုတွေကြောင့် မြန်မာနိုင်ငံမှာ မိဘမဲ့ကလေးအရေအတွက်ဟာ တစ်နေ့ တခြားတိုးလာပါတယ်။ အဲဒီမိဘမဲ့ကလေးတွေအတွက် နားခိုရာနေရာလေးတစ်ခုအဖြစ် တည်ရှိပေးသလို မျှော်လင့်ချက်ရှိတဲ့ကလေးတွေအဖြစ်နေထိုင်ရစေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့က ‘ဧဖရိမ်’ မိဘမဲ့ဂေဟာအကြောင်း မခက်မာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ကျောင်းပြင်ပရောက်သွားတဲ့ကျောင်းသား ၇.၈ သန်းရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်တဲ့ Save the Children က ၂၀၂၂ ခုနှစ် ဇွန်လမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီနှစ်နှစ်အတွင်းမှာပဲ တက္ကသိုလ်ဝင်တန်းမဖြေဆိုနိုင်တော့တဲ့ကျောင်းသားပေါင်းကလည်း ၇ သိန်းကျော်ရှိလာပါတယ်။ နိုင်ငံ တနိုင်ငံရဲ့အနာဂတ်ဟာ ကျောင်းသားလူငယ်တွေအပေါ်မှာအခြေခံတာမို့ အခုလို ကျောင်းပြင်ပရောက်သွားတဲ့ ကလေးတွေသန်းနဲ့ချီများလာတာဟာ မြန်မာနိုင်ငံဦးတည်နေတဲ့ ဒီမိုကရေစီစံနစ်ဆီသွားရာလမ်းအတွက် အကြီးမားဆုံးအတားအဆီးဖြစ်တယ်လို့ပညာရေးဆိုင်ရာလှုပ်ရှားနေသူတွေကပြောကြပါတယ်။ မခက်မာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


ကရင်ပြည်နယ်ထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် သုံးသိန်းခွဲကျော် ရှိလာနေပြီး အဲဒီအထဲက ထက်ဝက်နီးပါးဟာ အသက် ၁၈ နှစ်အောက်ကလေးတွေ ဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က အောက်တိုဘာလ ၁၁ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခိုလှုံနေကြရတဲ့ ကလေးတွေထဲကတချို့ဟာ အနာဂတ်မဲ့နေပြီး သူတို့ စိတ်ခွန်အားရ စေဖို့ စစ်ဘေးဒုက္ခသည် လူငယ်တချို့က ကြိုးစားပေးနေတဲ့အကြောင်း မခက်မာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တစ်ကျော့ပြန် စစ်ပွဲတွေ ဖြစ်ခဲ့တာဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၉ ရက်မှာ ဆယ်နှစ်တိတိ ရှိခဲ့ပြီဖြစ်ပေမယ့် ကချင်စစ်ဘေးဒုက္ခသည် တစ်သိန်း နှစ်သောင်းလောက်ဟာ ဒီနေ့ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဒုက္ခသည်စခန်းထဲမှာပဲ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ အိမ် ဆိုတဲ့ ခံစားမှုကို ကောင်းကောင်းမခံစားခဲ့ရပေမယ့် အိမ်ပြန်ရဖို့ မျှော်လင့်အိပ်မက်နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နှစ်နှစ်အကြာမှာတော့ သူတို့ရဲ့ အိပ်မက်က ပိုအလှမ်းဝေးသွားခဲ့ရပါတယ်။ မခက်မာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


စစ်တပ်က အာဏာသိမ်းပြီးနောက်ဆက်တွဲ ဖမ်းဆီးသတ်ဖြတ်နှိမ်နင်းမှုတွေကြောင့် သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ ဘဝဟာ ဇော်ထိုးမိုးမျှော် ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီထဲမှာ ဂီတသမားဖြစ်ဖို့ မျှော်လင့်အိပ်မက်ခဲ့ပြီး လောလောဆယ်တော့ နိုင်ငံမဲ့ဖြစ်နေတဲ့ ၁၄ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်ပါတယ်။ မခက်မာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


သန်းနဲ့ချီတဲ့ မြန်မာပြည်က ကလေးတွေဟာ ကိုဗစ်ကပ်ရောဂါကာလကစပြီး ဒီနေ့ပြည်တွင်းစစ်ကာလအထိ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေနဲ့ရှင်သန်ရပြီး ကလေးသဘာဝ ပျောက်ဆုံးနေရပါတယ်။ အနာဂတ်မှာ စီမံအုပ်ချုပ်ရေးနေရာတွေ၊ ကုန်ထုတ်လုပ်မှုနေရာတွေကို ရောက်လာမယ့် ကလေးတွေ ဒီနေ့ ဘယ်လိုခံစားနေကြရသလဲဆိုတာနဲ့ အဲဒီဖိစီးမှုတွေကို လျှော့ချပေးဖို့ တစ်ပိုင်တစ်နိုင် ကြိုးစားနေသူ တွေအကြောင်း RFA အဖွဲ့သူ မခက်မာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဘေးလွတ်ရာ ရှောင်တိမ်းနေရတဲ့ ကလေးအရေအတွက်ဟာ သန်းတစ်ဝက်ကျော်လာပါပြီ။ ဘေးအန္တရာယ်တွေပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ ဒီကလေးတွေရဲ့အခြေအနေနဲ့ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ဆောင် ရွက်ဖို့ တိုက်တွန်းနေကြတဲ့အကြောင်း RFA အဖွဲ့သူ မခက်မာ တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


မြန်မာနိုင်ငံထဲက သန်းနဲ့ချီတဲ့ကလေးတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် မိဘနဲ့ရင်အုပ်မကွာ နေခွင့်၊ ပညာသင်ခွင့်တွေ ဆုံးရှုံးနေပါတယ်။ အဲဒီလိုကလေးငယ်တွေကို ပုံစံမျိုးစုံနဲ့ စောင့်ရှောက်နေကြ သူတွေလည်း အများအပြား ရှိပါတယ်။ အဲဒီအထဲက ရန်ကုန်တိုင်း၊ သံလျှင်မြို့နယ်မှာရှိတဲ့ သီလရှင်ကျောင်း လေးတစ်ကျောင်း အကြောင်းတင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


ကယားပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာနေရသူ အသက် ၁၁ နှစ်အရွယ် ‘ခူး ဒယ်နီရယ်ဦးရယ်’ ကတော့ မျှော်လင့်ချက်တွေကို မကုန်ဆုံးစေဘဲ အနာဂတ်အတွက် သူလုပ်နိုင်တာကို ဆက်ကြိုးစားလုပ်သွားမယ်ဆိုတဲ့အကြောင်း တင်ပြထားပါတယ်။

အသံဖိုင် နားဆင်ရန်နှင့် ရယူရန်


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။